အမြို့မြို့အနယ်နယ်သတင်းများ

Aug 12,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊  သန်လျင်မြို့နယ်-ဒဂုံတံတားမှ သိလဝါစက်မှုဇုန်သို့ဆက်သွယ်သည့်     လမ်းဖောက်လုပ်ရာတွင်
Aug 12,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့အတွင်း စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်နှင့် အညီ အစီအမံများ ဆောင်ရွက်ထားခြင်း ရှိ/မရှိ ရှောင်တခင် စစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ထီးချိုင့်မြို့ စည်ပင်သာယာရေးကော်မတီနှင့် မြို့နယ်ပြည်သူ့ ကျန်းမာ‌‌ရေး ဦးစီးဌာနတို့မှ ရှောင်တခင်လိုက်လံ စစ်ဆေးခဲ့ကြောင်း သိရသည်။
Aug 12,2020
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ မိုးစပါးစိုက်ပျိုးရာသီတွင် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ သီးနှံအထွက်နှုန်း တိုးတက်ကောင်းမွန်စေရန်နှင့် လုပ်သားရှားပါးမှုအခက်အခဲများ ပြေလျော့ သက်သာစေရေးအတွက် ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်းဝန်ဆောင်မှုလုပ်ငန်းကို ယမန်နေ့ က ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာ ကွင်းအမှတ်(၉၅၀) တောင်သူ ဦးအေးမြတ်မင်း၏ မိုးစပါးစိုက် လယ်မြေ(၃)ဧကတွင် ကောက်စိုက်စက်ဖြင့် ဧရာပဒေသာမျိုးစပါးများ စိုက်ပျိုးဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
Aug 12,2020
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ဗန်းမော်ဒေသထွက် ရာသီပေါ်နာနတ်သီးများကို ဒေသခံပြည်သူများ နှစ်ခြိုက်စွာ စားသုံးကြသည့်အတွက် နာနတ်သီးများရောင်းအားကောင်လျှက်ရှိကြောင်းသိရသည်။
Aug 12,2020
မကွေးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ယနေ့ နံနက်(၁၀)နာရီအချိန်က ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအ‌ဝေးကျင်းပခဲ့ရာ မကွေးမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင်စိုးဝင်းမှ အဖွင့်အမှာစကားပြောကြားခဲ့သည်။
Aug 12,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် တက်ဆွဲကျေးရွာတွင် မြစ်မခရေ မြင့်တက်လာမှုကြောင့် ၁၁နာရီ ၃၀ အချိန်က
Aug 12,2020
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ် အကိုင် အခွင့်အလမ်းများ ရရှိလုပ်ကိုင်နိုင်ရန်အတွက် ကိုဗစ် - ၁၉ ကာလ အတွင်း စီးပွားရေး ထိခိုက်မှု များအပေါ် သက်သာစေရေးစီမံချက် (CERP) အစီအစဉ်ဖြင့် ဖွင့်လှစ်သည့် မေထုန်မဲ့သားစပ်နည်း သင်တန်း ဖွင့်ပွဲကို ယနေ့၊ နံနက် ၉ နာရီက ပွင့်ဖြူမြို့ သက်တော်ရှည်ရပ်ကွက် ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 12,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ကျောက်မဲခရိုင် မဲဆန္ဒနယ်အတွင်း ပါဝင်ယှဉ်ပြိုင်ရန် လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းခဲ့သည့် တင်သွင်းလွှာများကို ကျောက်မဲခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ဩဂုတ်လ ၁၁ ရက်နေ့မှ စ၍ စိစစ်ဆောင်ရွက်လျက်ရှိရာ ပွင့်လင်းမြင်သာမှုရှိစေရေး အမည်စာရင်းတင်သွင်းထားသည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ အားဖိတ်ကြားသဖြင့် ယနေ့နံနက် ၁၀ နာရီက ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ ညီညီအောင်တို့က ကျောက်မဲခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ လာရောက်ခဲ့ကြောင်း သိရသည်။