Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
နမ္မတူမြို့နယ်၊ ပန်လုံကျေးရွာ၌ မွေးမြူရေးဆိုင်ရာပညာပေးသင်တန်း ဖွင့်လှစ်ပို့ချဆောင်ရွက်
Aug 11,2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ နမ္မတူမြို့နယ် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း မူးယစ်ဆေးဝါးပပျောက်ရေး စီမံကိန်းဒေသများတွင် အသက်မွေး ဝမ်းကျောင်း ဆိုင်ရာ မွေးမြူရေးအထောက်အကူပြု ပညာပေးသင်တန်းများ ဖွင့်လှစ်ပေးခြင်းအားဖြင့် ကျေးလက် နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာစေရန်၊ တစ်ပိုင်တစ်နိုင် မွေးမြူရေး လုပ်ငန်းမှ စီးပွားဖြစ်မွေးမြူရေးလုပ်ငန်းသို့ တိုးတက်မွေးမြူ ထုတ်လုပ်လာစေရန်၊ တိရိစ္ဆာန် ကူးစက်ရောဂါများအား ကြိုတင်ကာကွယ်နိုင်ရန်နှင့် မွေးမြူရေးအသိပညာ ဗဟုသုတများ ပိုမိုသိရှိနားလည် လာစေရန် ရည်ရွယ်၍ မွေးမြူရေးဆိုင်ရာ ပညာပေးသင်တန်း ဖွင့်လှစ်ပို့ချခြင်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ပန်လုံကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ဥက္ကလာပမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Aug 11,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အောင်မြေသာစံမြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Aug 11,2020
မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိကြသေးသည့် ပြည်သူများကို မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီး ဌာနက ရပ်ကွက်များအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြရာ ယနေ့နံနက် ၉ နာရီ က ညောင်ကွဲရပ်ကွက်၊ ၁၁ လမ်း နှင့် ၈၉ လမ်းထိပ်၊ ရှင်အရဟံ ဘုရားအနီးရှိ ဝေဇယန္တာဓမ္မာရုံတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို လေးရက်မြောက်အဖြစ် ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သာစည်မြို့နယ်တွင် မဲစာရင်းလာရောက်ကြည့်ရှုသူ ၄၀ ရာခိုင်နှုန်းခန့်ရှိ
Aug 11,2020
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ ကို ဇူလိုင် ၂၅ ရက်နေ့မှ စတင်ကပ်ထား ကြေညာထားရာ ဩဂုတ် ၁၀ ရက်နေ့အထိ မဲစာရင်းလာရောက်ကြည့်ရှုသူ ၄၀ ရာခိုင်နှုန်းခန့် ရှိပြီဖြစ် ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒီပဲယင်းမြို့နယ် ကြခတ်ကျေးရွာ အဆင့်မြင့်လယ်ယာမြေတွင် မိုးစပါးကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကျင်းပ
Aug 11,2020
စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ် ကြခတ်ကျေးရွာ အဆင့်မြင့်လယ်ယာမြေတွင် တောင်သူ ဦးမြင့်သောင်း ထွန်းလယ်မြေ (၅) ဧက မိုးစပါး ကောက်စိုက်စက်ဖြင့် စိုက်ပျိုးပြသခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကင်းမြို့နယ်တွင် ဗီတာမင်အေနှင့် သံချဆေးတိုက်ကျွေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Aug 11,2020
ကလေးငယ်များအား ဗီတာမင်အေပြည့်ဝပြီး ကျန်းမာသော ကလေးငယ်များ ဖြစ်နိုင်ရေးအတွက် အသက် (၆)လမှ (၅)နှစ်အတွင်း ကလေးငယ်များအား ဗီတာမင်အေတိုက်ကျွေးခြင်းနှင့် သံချဆေးများ တိုက်ကျွေးခြင်းကို မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ယမန်နေ့ နံနက် ၁၀ နာရီက ရန်ကုန်အရှေ့ ပိုင်းခရိုင် ရန်ကင်းမြို့နယ် အမှတ်(၁၅) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေကူမြို့နယ်၌ Cash For Work စီမံကိန်းဖြင့် ကျေးရွာ ၁၀ ရွာတွင် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်
Aug 11,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၌ Cash For Work စီမံကိန်းဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာ ၁၀ ရွာတွင် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကျေးရွာများရှိ အိမ်ထောင်စုများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြင်းခြံမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူ ၁၄၉၆ ဦးရှိ
Aug 11,2020
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်သူ ၁၄၉၆ ဦးရှိကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
30193
Page
30194
Page
30195
Page
30196
Current page
30197
Page
30198
Page
30199
Page
30200
Page
30201
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department