အမြို့မြို့အနယ်နယ်သတင်းများ

Jun 02,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု(အခမဲ့) သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဌာနသင်တန်းကျောင်း(ကျိုင်းတုံ)တွင် ကျင်းပသည်။
Jun 02,2026
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် စေတုတ္တရာမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မွေးစမှ အသက်တစ်နှစ်ခွဲအထိ ကလေးငယ်များကိုပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် (၉) နာရီခွဲက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေးရုံး၌ ထိုးနှံပေးလျက်ရှိသည်။
Jun 02,2026
ကျေးရွာများရှိ သဘာဝရေထွက်များနှင့်ရေထိန်းတောများရေရှည်တည်တံ့စေရန် အတွက်ရည်ရွယ်လျက်၊ လင်းခေးမြို့နယ်၊ သစ်တောဦးစီးဌာနအနေဖြင့် ၂၀၁၉ခုနှစ် ရှမ်းပြည်နယ် သဘာဝရေထွက် ရေထိန်းတောထိန်း သိမ်းကာကွယ်ရေး ဥပဒေအရ၊ လင်းခေးမြို့နယ်၊‌ နောင်လုံကျေးရွာအုပ်စု၊ နောင်လုံကျေးရွာအနီးရှိ‌ (နောင်လုံ) သဘာဝရေထွက်တော (၆၆)ဧကနှင့် ကြားခံနယ်မြေတို့အား သဘာဝရေထွက်တောရေထိန်းတောဧရိယာအဖြစ် ယမန်နေ့က ကွင်းဆင်းသတ်မှတ်ပြီးစီးခဲ့ကြောင်း သိရသည်။
Jun 02,2026
ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူသည် ပြည်နယ်ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်ခင်ထွေးအောင်၊ ပြည်နယ်လီဆူးတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်‌ငွေလှိုင်၊ ပြည်နယ်အင်းသားတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ‌ဒေါ်တင်တင်ရီ၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဇွန်လ (၁) ရက်နေ့ နံနက်ပိုင်းက တောင်ကြီးမြို့ရှိ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာများသို့ ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
Jun 02,2026
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်မီးသတ်ဦးစီးဌာနကကြီးမှူး၍ ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေး(မွမ်းမံ) သင်တန်း အမှတ်စဉ်(၃/၂၀၂၆)ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၈နာရီက မြို့နယ်မီးသတ်ဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
Jun 02,2026
၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာများ ပြည်သူများအကြား ပိုမိုကျယ်ပြန့်စွာ သိရှိနားလည်လာစေရန် ရည်ရွယ်၍  အသိပညာပေးလက်ကမ်းစာစောင်များကို ဇွန်လ ၁ ရက် နံနက်ပိုင်းက လူစည်ကားရာ ရှမ်းရိုးမကွင်းရှေ့ ဗိုလ်ချုပ်လမ်းမတွင် ဖြန့်ဝေပေးခဲ့ကြသည်။
Jun 02,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံတော်အစိုးရ၏ လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် Biometric data ကောက်ယူ၍ UID ကတ်များ ဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မိုင်းကိုးကျေးရွာအုပ်စု အခြေခံပညာ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်း (မိုင်းကိုး) တွင် ကွင်းဆင်းပြုလုပ်ပေးသည်။
Jun 02,2026
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသူရစိုးနှင့်တာဝန်ရှိသူများသည် မေလ ၃၁ ရက် မွန်းလွဲ ၂ နာရီအချိန်က နောင်ချိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည့် မိုးရာသီမျိုးစေ့နှင့်သွင်းအားစုများ ချီးမြှင့်‌ပေးအပ်ပွဲသို့‌ရောက်ရှိကာ ၂၀၂၆-၂၀၂၇ခုနှစ်၊ မိုးရာသီတွင်စိုက်ပျိုးမည့်တောင်သူများနှင့် တွေ့ဆုံခဲ့သည်။