Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက္ကံ ၁၂ ရပ်ကွက်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ကွင်းဆင်းဆောင်ရွက်
May 29,2026
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပ မြို့နယ်၌ ခြင်မှတဆင့် ကူးစက်တတ်သော ရောဂါကာကွယ်နိုင်ရန်အတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်ကာ ပူးပေါင်းအဖွဲ့က ယမန်နေ့ နံနက်ပိုင်းက ရွှေပေါက္ကံ (၁၂) ရပ်ကွက်အတွင်းရှိ နေအိမ်များသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
တာမွေမြို့နယ်၌ မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲကျင်းပ
May 29,2026
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် ကျိုက္ကဆံလမ်းရှိ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟိုရုံး မေတ္တာစံအိမ်ခန်းမ၌ ယမန်နေ့ နံနက်ပိုင်းအချိန်က မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟိုနှင့် တာမွေမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးတို့ ပူးပေါင်း၍ ရက် (၁၀၀) စီမံချက်ဖြင့် မူးယစ်ဆေးဖြတ်သင်တန်းသားများအား မှုခင်းကျဆင်းရေးအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း ၂ဝ၂၆-၂ဝ၂၇ ပညာသင်နှစ်၊ ပြည်နယ်လုံးကျွတ်ကျောင်းအပ်နှံရေး အခမ်းအနားနှင့် မော်လမြိုင်မြို့၊ ရွှေနတ်တောင် ရေလှောင်တမံ၊ ရေသန…
May 29,2026
မွန်ပြည်နယ် ၂ဝ၂၆-၂ဝ၂၇ ပညာသင်နှစ် ပြည်နယ်လုံးကျွတ် ကျောင်းအပ်နှံရေး အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ် (၆) အခြေခံပညာ အထက်တန်း ကျောင်း၊ ရာတနာမွန်ခန်းမ၌ ကျင်းပပြုလုပ်ရာ ဦးစွာ အခြေခံပညာအထက်တန်းကျောင်းများမှ ဆရာ၊ ဆရာမများက “ကျောင်းဖွင့်ပြီ” တေးသီချင်းဖြင့် ဂုဏ်ပြုသီဆိုခဲ့ကြပြီး မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းက မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာရှိသည့် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအားလုံး၏ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်ကို မေလ(၂၅)ရက်နေ့မှ မေလ (၃၁) ရက်နေ့ အထိ သတ်မှတ်ထားကြောင်း၊ ကျောင်းအပ်နှံရေးနေ့ ပြီးဆုံးသည့်နောက်ပိုင်းမှာလည်း ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းနေမြဲရေးနှင့် အခြေခံပညာ ဆုံးခန်းတိုင်ပြီးမြောက်အောင် သင်ယူနိုင်ရန်အတွက် ဝိုင်းဝန်းကူညီပံ့ပိုး ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်းဖြင့် အမှာစကား ပြောကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
May 29,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် စာသင်ကျောင်းများ ဥပဓိရုပ်ကောင်းမွန်စေရေး ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးတို့အတွက် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များ၌ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးဆောင်ကာ မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များနှင့် ဒေသခံပြည်သူများက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့နယ်၌ ရက် ၁၀၀ စီမံချက်ဖြင့် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
May 29,2026
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ ယောမင်းကြီးရပ်ကွက် လူနေတိုက်ခန်းများ၌ ယမန်နေ့ နံနက်ပိုင်းတွင် ရက် ၁၀၀ စီမံချက်ဖြင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြစ်သားမြို့နယ်၌ နွေနှမ်းများ စတင်ရိတ်သိမ်းပြီး အထွက်နှုန်းကောင်းပြီး ဈေးကောင်းရ
May 29,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ယခုနှစ် နွေနှမ်းရိတ်သိမ်းချိန် အထွက်နှုန်းကောင်းမွန်ပြီး ဈေးကောင်းရရှိကြောင်း တောင်သူများထံမှ သိရသည်။၂၀၂၆ ခုနှစ် နွေနှမ်းများမှာ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ နှမ်းအတွက်ကောင်းမွန်သည့် ရာသီဥတု ဖြစ်ခဲ့တာကြောင့် တစ်ဧကအထွက်နှုန်း မြင့်မားခဲ့ကြောင်း၊ ဈေးကွက်ပေါက်ဈေးအရ နှမ်းဖြူဈေးမှာ တစ်တင်း ၁၁၀,၀၀၀/-ကျပ်ကျော် ပေါက်ဈေးရရှိတာကြောင့် နွေနှမ်းစိုက်တောင်သူများ အဆင်ပြေကြောင်း မြစ်သားမြို့နယ်၊ ငါးဆူကျေးရွာမှ တောင်သူ ဦးကျော်စွာက ပြောသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး မုံရွာမြို့ပေါ်ရှိ MSME လုပ်ငန်းများ ဆောင်ရွက်နေမှု လိုက်လံကြည့်ရှုအားပေး
May 29,2026
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများနှင့် တာဝန်ရှိသူများသည် မေလ ၂၈ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ချမ်းမြဝတီ ရပ်ကွက်ရှိ တစ်ရက်လျင် ဆန် ၁ တင်းခွဲ ၁၂၀၀ အိတ် ကြိတ်ခွဲထုတ်လုပ်နေသည့် တန် ၆၀ ကျ“အောင်သုခ” ဆန်စက်ရုံသို့ ရောက်ရှိရာ စက်ရုံတာဝန်ခံမှ စက်ရုံအတွင်း ဆန်များ အဆင့်ဆင့်ကြိတ်ခွဲထုတ်လုပ်နေမှုများ၊ ထုတ်ပိုးနေများနှင့် ကုန်ကြမ်းသိုလှောင်ထားရှိမှု များအား လိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုက်လံရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်သီတာဆွေ တီဘီရောဂါတိုက်ဖျက်ရေး ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားနှင့် မိခင်နှင့်ကလေး စောင့်ရှ…
May 29,2026
မွန်ပြည်နယ်တွင် စေတနာ့ဝန်ထမ်းကျန်းမာရေး စောင့်ရှောက်ပေးသူများအတွက် တီဘီရောဂါ တိုက်ဖျက်ရေးဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
368
Page
369
Page
370
Page
371
Current page
372
Page
373
Page
374
Page
375
Page
376
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department