Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
သီပေါမြို့နယ်တွင် အထူးကုဆရာဝန်ကြီးများက ဒေသခံတိုင်းရင်းသားပြည်သူများအား ကွင်းဆင်းဆေးကုသပေးလျက်ရှိ
May 29,2026
ကျန်းမာရေးဝန်ကြီးဌာနနှင့် ရှမ်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်ပါ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် ကွင်းဆင်းဆေးကုသမှု လုပ်ငန်းအား ရှမ်းပြည်နယ် (မြောက်ပိုင်း) ကုသရေးဦးစီးဌာန၊ လားရှိုးပြည်သူ့ဆေးရုံကြီးနှင့် သီပေါပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီးများသည် သီပေါမြို့နှင့် အနီးတစ်ဝိုက်ရှိ ဒေသခံတိုင်းရင်းသား ပြည်သူများအား ယနေ့နံနက် ၉ နာရီ မှ မွန်းလွဲ ၃ နာရီထိ သီပေါမြို့နယ် ပြည်သူ့ဆေးရုံ၌ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ကြီးမြို့နယ်၌ သဘာဝမြေသြဇာ(EM) ဘိုကာရှီ မြေဆွေးနည်းပညာပေး သရုပ်ပြပွဲ ပြုလုပ်
May 29,2026
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် တုံးကြီးကျေးရွာအုပ်စု သံဘိုကျေးရွာနှင့် ကျွဲခြံကျေးရွာရှိ တောင်သူများ၏ လယ်ကွက်တွင် ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးဝေလင်းနှင့် အဖွဲ့ဝင်များ စီမံညွှန်ကြားချက်အရ သဘာဝမြေသြဇာ(EM)ဘိုကာရှီ မြေဆွေးနည်းပညာပေး သရုပ်ပြပွဲပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တိုက်ကြီးမြို့နယ် ဗဟိုမြေစာရင်းဖွံ့ဖြိုးမှုလေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း၌ အရာရှိမြေတိုင်းသင်တန်းအမှတ်စဉ်(၁) သင်တန်းဆင်းပွဲကျင်းပ
May 29,2026
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် ဗဟိုမြေစာရင်းဖွံ့ဖြိုးမှုလေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း၌ အရာရှိမြေတိုင်းသင်တန်းအမှတ်စဉ်(၁) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက အဆိုပါသင်တန်းကျောင်းတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ် စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး စားသုံးသူရေးရာကော်မတီအဖွဲ့ဝင်များနှင့် (၂/၂၀၂၆) ကြိမ်မြောက် စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားကာကွ…
May 29,2026
ကချင်ပြည်နယ် စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးချန်တန်ခင်သည် ယနေ့နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးရှိ အစည်းအဝေးခန်းမ၌ စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားကာကွယ်ပေးနိုင်ရေးအတွက် ရှေ့လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ပြည်နယ်စားသုံးသူရေးရာကော်မတီ၏ (၂/၂၀၂၆)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်မြို့နယ်၌ ၂၀၂၅ - ၂၀၂၆ ခုနှစ်၊ ငါးမဖမ်းရ ရာသီပိတ်ကာလအတွင်း ပင်လယ်ငါးဖမ်းရေလုပ်သားများအတွက် အခြေခံလုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း (၁/၂၀၂၆) ဖွင့်ပွဲ အခမ…
May 29,2026
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ ၂၀၂၅- ၂၀၂၆ ခုနှစ်၊ ငါးမဖမ်းရ ရာသီပိတ်ကာလအတွင်း ပင်လယ်ငါးဖမ်းရေလုပ်သားများအတွက် အခြေခံလုပ်ငန်းခွင် ကျွမ်းကျင်မှုသင်တန်း(၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ ငါးလုပ်ငန်းသင်တန်းကျောင်း(ကြို့ကုန်း)တွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူး ဦးသံချောင်းနှင့် ဒုတိယတိုင်းမှူး၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ မြန်နိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ကမ်းဝေးငါးဖမ်းလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူးနှင့် ကမ်းဝေးရေယာဉ်ပိုင်ရှင်များ၊ သင်တန်းသားများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
အလုံမြို့နယ်ရဲတပ်ဖွဲ့၏ ဝန်ထမ်းအိမ်ယာသို့ တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းဆောင်ရွက်
May 29,2026
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၊ ဌာနာရပ်ကွက်၊ အောက်ကြည့်မြင်တိုင်လမ်းရှိ ရဲတပ်ဖွဲ့၏ ဝန်ထမ်းအိမ်ယာသို့ သွားရောက်၍ တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မနူဟာဘုရားကြီး ရွှေထီးတော်၊ ငှက်မျက်နားတော်နှင့် ရတနာစိန်ဖူးတော်တင်လှူပူဇော်ခြင်းနှင့် အလယ်ထိုင်တော်မူဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရွှေသင်္ကန်းကပ်လှူပြီးစီးမှု ရ…
May 29,2026
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၊မြင်းကပါကျေးရွာ သထုံဘုရင်မနူဟာမင်းကြီးနှင့် မိဖုရားနင်္ဂလာဒေဝီတို့ တည်ထားကိုးကွယ်တော်မူခဲ့သည့် မနူဟာဘုရားကြီး ရွှေထီးတော်၊ ငှက်မျက်နားတော်နှင့် ရတနာစိန်ဖူးတော်တင်လှူပူဇော်ခြင်းနှင့် အလယ်ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရွှေသင်္ကန်းကပ်လှူပြီးစီးမှု ရွှေပြည့်အောင်ပွဲနှင့် ဗုဒ္ဓါဘိသေကအနာကဇာတင်လှူခြင်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က မနုဟာဘုရားကြီး ရင်ပြင်တော်ပေါ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်တိုင်းဒေသကြီး၌ "နိုင်ငံဖွံ့ဖြိုးဖို့ လူငယ်များ၏ အနာဂတ်ကို မြှင့်တင်စို့" လူငယ်စကားဝိုင်း အခမ်းအနားကျင်းပ
May 29,2026
နိုင်ငံတော်အစိုးရ၏ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့လုပ်ငန်းစဉ်များတွင် လူငယ်များ တက်ကြွစွာ ပူးပေါင်းပါဝင်လာစေရန် ရည်ရွယ်၍ နိုင်ငံဖွံ့ဖြိုးဖို့ လူငယ်များ၏ အနာဂတ်ကို မြှင့်တင်စို့ ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ လူငယ်စင်တာခန်းမတွင် ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ (၁)၊ လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်း၊ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်နှင့် ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်စိုး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းအဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းရင်းသားလူငယ်ကိုယ်စားလှယ်များ၊ အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) မှ ကျောင်းသား/ကျောင်းသူများ၊ တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ တိုင်းဒေသကြီး စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း၊ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များ၊ မြန်မာလူငယ်မိဿဟာယအသင်း (M-YF)၊ လူငယ်တွဲလက်များ လူမှုကူညီရေးအသင်းစကားဝိုင်းလူငယ်ကိုယ်စားလှယ်များနှင့် အလှူရှင်များ တက်ရောက်ကြသည်။ ဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား အလေးပြုကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
364
Page
365
Page
366
Page
367
Current page
368
Page
369
Page
370
Page
371
Page
372
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department