ငပုတောမြို့နယ် တမန်ချောင်းကျေးရွာအုပ်စုတွင် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ပွဲတော် အခမ်းအနားကျင်းပ
ကရင်တိုင်းရင်းသားလူမျိုးများ၏ နေ့ထူးနေ့မြတ်တစ်နေ့ဖြစ်သော ကရင်သက္ကရာဇ်(၂၇၆၅)ခုနှစ် ပြာသိုလဆန်း(၁)ရက်နေ့တွင် ကျရောက်သည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားကို ဒီဇင်ဘာလ ၁၉ ရက်နေ့က ငပုတောမြို့နယ် တမန်ချောင်းကျေးရွာတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူးရဲလင်းထွန်း၊ အဖွဲ့ဝင်ဦးသန်းဦးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တမန်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကရင်တိုင်ရင်းသားများ တက်ရောက်ကြသည်။