မြဝတီမြို့တွင် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု ခရိုင်/မြို့နယ်အဆင့်အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဆုချီးမြှင့်
ကရင်ပြည်နယ် မြဝတီခရိုင် မြဝတီမြို့တွင် (၂၆)ကြိမ်မြောက်၊ ခရိုင်/ မြို့နယ်အဆင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု၊ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို စက်တင်ဘာ ၃ ရက် ညနေ ၃ နာရီက မြဝတီမြို့ အမှတ်(၄)ရပ်ကွက်ရှိ City Home ခန်းမ၌ ကျင်းပသည်။