ကရင်သက္ကရာဇ်(၂၇၆၅)ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘဝအလင်းစာကြည့်တိုက်ဖွင့်
၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်တွင်ကျရောက်မည့် ကရင်သက္ကရာဇ်(၂၇၆၅)ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ မတည်ချီးမြှင့်ငွေဖြင့်ဆောက်လုပ်သော လှိုင်းဘွဲမြို့နယ် အထက်ရေပူကျေးရွာအုပ်စုရှိ ဘဝအလင်း စာကြည့်တိုက် ဖွင့်ပွဲကို ဒီဇင်ဘာ ၁၅ ရက် နံနက် ၈ နာရီက ကျင်းပသည်။