မြဝတီမြို့နယ်ရှိတောင်သူများအား ပန်းတိုင်အထွက်နှုန်း သတ်မှတ်ထားသည့် သီးနှံ (၁၀)မျိုးနှင့် စပ်လျဥ်း၍ စစ်တမ်းကောက်ယူခြင်းနှင့် ပန်းတိုင်အထွက်နှုန်းပြည့်မီရေးဆွေးနွေးပွဲကျင်းပ
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ ကျေးရွာအုပ်စု ရှိတောင်သူများကို ပန်းတိုင်အထွက်နှုန်း သတ်မှတ်ထားသည့် သီးနှံ (၁၀)မျိုးနှင့်စပ်လျဥ်း၍ စစ်တမ်းကောက်ယူခြင်းနှင့်ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းဦး၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစံအောင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးသန်းရွှေနှင့်ဖလူး၊ မဲ့ထော်သလေး၊ သင်္ဃန်းညီနောင်၊ မဲကနယ်ကျေးရွာအုပ်စုများရှိ တောင်သူများတက်ရောက်ခဲ့ကြသည်။