ချင်းပြည်နယ်

မင်းတပ်မြို့ပေါ်ရှိ စားသောက်ဆိုင်များ စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရေး ကွင်းဆင်း စစ်ဆေး

မင်းတပ်မြို့ပေါ် (၄)ရပ်ကွက်ရှိ စားသောက်ဆိုင်များ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရေး အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေး ဦးစီးဌာနနှင့် ဌာနဆိုင်ရာ ပူးပေါင်း အဖွဲ့က ယနေ့ နံနက် ၁၁ နာရီတွင် ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

တီးတိန်မြို့နယ် လမ်းဇန်ကျေးရွာ၌ အမှိုက်စွန့်ပစ်စနစ်အား ကွင်းဆင်းကြပ်မတ်ဆောင်ရွက်

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ လမ်းဇန်ကျေးရွာတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း အမှိုက်စွန့်ပစ်စနစ်အား ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့၊ ကျေးရွာမြစိမ်းရောင် ကော်မတီဝင်များနှင့် လူငယ်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ခဲ့ရာ လုပ်ငန်း ဆောင်ရွက်မှုများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ကျိန်ရှန်းနဲမ်းနှင့် တာဝန်ရှိသူတို့က ယမန်နေ့က ကွင်းဆင်း စစ်ဆေးပြီး ကိုယ့်အားကိုယ်ကို အမှိုက်စွန့်ပစ်မှု ဆောင်ရွက်ရန်အတွက် အမှိုက်ပုံးထားရှိခြင်း၊ အမှိုက်ကျင်းတူးခြင်းနှင့် အမှိုက်စွန့်ပစ်ခြင်းဆိုင်ရာ ပညာပေးပိုစတာ ကပ်ထားခြင်းများ ဆောင်ရွက်သည်။

ထန်တလန်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံးသစ်ဖွင့်လှစ်

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံးသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့ရာ သိက္ခာတော်ရ ဆရာတော် Rev ဒေါက်တာဆန်ကျုံးအုပ်က ဆုတောင်းမေတ္တာ ပို့သ‌ပေးပြီး ချင်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးတိုးဝင်းက အဖွင့်အမှာစကား ပြောကြား ခဲ့ကြောင်း သိရသည်။

ရေဇွာ၌် ပြည်ထောင်စုငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ (၃၆၄.၂၆၀)သန်းဖြင့် တည်ဆောက်လျက်ရှိသော ပညာရေးဌာန၏ ဝန်ထမ်းအိမ် ရာတည်ဆောက်မှု (၁၀၀) ရာခိုင်နှုန်းပြီးစီး

ချင်းပြည်နယ်၊ မတူပီခရိုင်၊ ရေဇွာမြို့တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ပညာရေးဝန်ကြီးဌာန၏ ပြည်ထောင်စုငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ်(၃၆၄.၂၆၀)သန်းဖြင့် (ဇိုလင်းဘုန်းကုမ္ပဏီ) က တာဝန် ယူဆောင်ရွက်လျက်ရှိသော ရေဇွာမြို့ပညာရေး ဝန်ထမ်းအိမ်ရာ RCC နှစ်ထပ်ဆောင် တည်ဆောက်မှုမှာ(၁၀၀)ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။

တီးတိန်မြို့နယ်၊ တွီးထန်ကျေးရွာ၌ စောင့်ကြပ်ကြည့်ရှုထားသူ ကျန်းမာရေးဝန်ထမ်းတစ်ဦး အပါအဝင် (၉)ဦးတွင် ကိုဗစ်- ၁၉ ရောဂါပိုးတွေ့ရှိ

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ တွီးထန်ကျေးရွာ Facility Quarantine Center ၌ အသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှုထားသူ (၃၃)ဦးအား ယမန်နေ့က RDT ဖြင့်စစ်ဆေးရာ ကျန်းမာရေး ဝန်ထမ်းတစ်ဦး အပါအဝင် အမျိုးသား (၂)ဦးနှင့် အမျိုးသမီး (၇)ဦးတွင် ကိုဗစ်- ၁၉ ရောဂါပိုး တွေ့ရှိ ကြောင်း သိရသည်။

တီးတိန်မြို့ ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူသည့် ကိုဗစ် -၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ Case- 106613 ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံမှဆင်း

ချင်းပြည်နယ်၊ တီးတိန်မြို့ပြည်သူ့ဆေးရုံ၌ စောင့်ကြပ်ဆေးကုသမှုခံယူသည့် ကိုဗစ်- ၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ Case -106613 သည် ကျန်းမာရေးကောင်းမွန်သဖြင့် ယနေ့နံနက် ၁ဝ နာရီက ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။

ရိခေါ်ဒါရ်မြို့၌ ပြည်တွင်းနေရပ်ပြန်လာသူ (၅)ဦးတို့အား Facility Quarantine Centre ၌ အသွားအလာကန့်သတ်စောင့်ကြည့်ထားရှိ

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့တွင် ပြည်တွင်းတစ်ခြားမြို့နယ်ဒေသမှ ပြန်လာသူ (၅)ဦးတို့သည် ဒီဇင်ဘာ ၂၁ ရက်က ရိခေါ်ဒါရ်မြို့သို့ရောက်ရှိလာကြပြီး အထကခွဲကျောင်းရှိ Facility Quarantine Centre ၌ (၁၄)ရက်ကြာ အသွားအလာကန့် သတ်စောင့်ကြည့်ရန်ထားရှိခဲ့ကြောင်း သိရသည်။

ဆမီးမြို့ရှိ တိုက်ပွဲရှောင်စခန်းရှိ ပြည်သူများအား စောင်နှင့်အဝတ်အထည်များ ထောက်ပံ့ပေးအပ်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ရှိ တိုက်ပွဲရှောင်ပြည်သူများအား စောင်၊အနွေးထည်နှင့် အနွေးဘောင်းဘီများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ထွေ/အုပ် တိုက်ပွဲရှောင်စခန်း၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

တွန်းဇံမြို့၌ Quarantine Center ထပ်မံပြင်ဆင်ဆောင်ရွက်လျက်ရှိ

ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ယမန်နေ့က အခြေခံပညာ အထက်တန်းကျောင်းတွင် Quarantine Centre ထပ်မံပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

တွန်းဇံမြို့ ပြည်သူ့ဆေးရုံ Isolation Room အတွက် ပစ္စည်းများလာရောက် လှူဒါန်း

ချင်းပြည်နယ်၊ တွန်းဇံမြို့ ပြည်သူ့ဆေးရုံ Isolation Room အတွက် လိုအပ်လျက်ရှိသော ပစ္စည်းများအား ယမန်နေ့က စေတနာရှင်များက လာရောက်လှူဒါန်း ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to ချင်းပြည်နယ်