ချင်းပြည်နယ်

ဟားခါးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ပျိုးပင်များစိုက်ပျိုးသည့် Green House များတွင် ရေသွင်းပေး နိုင်ရေးအတွက် ရေဂါလံ ၃၇၀၀ဆံ့ ရေကန်တည်ဆောက်မည်

ဟားခါးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ပျိုးပင်များစိုက်ပျိုးသည့် Green House များတွင် ရေသွင်းပေး နိုင်ရေးအတွက် ရေဂါလံ ၃၇၀၀ဆံ့ ရေကန်တည်ဆောက်နိုင်ရန်အတွက် ယမန်နေ့က ချင်းပြည်နယ် စိုက်ပျိုးရေး ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးအောင်မျိုးဦးနှင့် တာဝန်ရှိသူများက ရေကန်တည်ဆောက်မည့် နေရာအား ကွင်းဆင်းကြည့်ရှု ခဲ့ကြကြောင်း သိရသည်။

ရိခေါ်ဒါရ်မြို့အတွင်းရှိ စျေးဆိုင်နှင့် စားသောက်ဆိုင်များအား ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက် နှင့်အညီ ဆောင်ရွက်ခြင်း ရှိ/မရှိ ကြပ်မတ်စစ်ဆေး

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါ်ဒါရ်မြို့ စည်ပင်သာယာရေးအဖွဲ့နှင့် မြို့စည်ပင်သာယာ ရေးကော်မတီ၏ ပူးပေါင်းပြီး ရိခေါ်ဒါရ်မြို့အတွင်း စျေးဆိုင်နှင့် စားသောက်ဆိုင်များအား ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက် ခြင်း ရှိ/မရှိ ကြပ်မတ်စစ်ဆေးခြင်းကို ယမန်နေ့က လှည့်လည်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပန်းတနော်၌ ပုသိမ်​မြို့မေတ္တာဖွံ့ဖြိုးဖောင်ဒေးရှင်းမှ ကိုဗစ်- ၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးသုံး ပစ္စည်းများ လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ကိုဗစ်- ၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ပုသိမ်မြို့ မေတ္တာဖွံ့ဖြိုးဖောင်ဒေးရှင်းမှ ပေးပို့လှူဒါန်းသော ကိုဗစ်- ၁၉ ​ရောဂါဆိုင်ရာ ကျန်းမာရေးသုံး ပစ္စည်းများအား ယမန်နေ့ နံနက်ပိုင်းက ပန်းတနော်မြို့နယ်အတွင်းရှိ (Facility Quarantine Centre )များသို့ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

ဟားခါးမြို့၊ ဟားခါးတက္ကသိုလ် Facility Quarantine ၌ ဝင်ရောက်နေသူ အမျိုးသားတစ်ဦးတွင် ကိုဗစ် -၁၉ ရောဂါပိုးတွေ့ရှိသဖြင့် ဟားခါးမြို့ တိုင်းရင်းဆေးရုံသို့ ပို့ဆောင် ဆေးကုသမှုခံယူ

ချင်းပြည်နယ် ဟားခါးမြို့၊ ဟားခါးတက္ကသိုလ် Facility Quarantine ၌ ဝင်ရောက်နေသူ အမျိုးသား တစ်ဦးတွင် ကိုဗစ် - ၁၉ ရောဂါပိုးတွေ့ရှိသဖြင့် ဟားခါးမြို့တိုင်းရင်းဆေးရုံကြီးသို့ ယနေ့ က ပို့ဆောင်၍ ဆေးကုသမှု ခံယူစေလျက်ရှိကြောင်း သိရှိရသည်။

မင်းတပ်မြို့၌ Facility Quarantine နေထိုင်ပြီးသူ ၁၅ ဦး အိမ်ပြန်ခွင့်ရ

မင်းတပ်မြို့ လူငယ်သင်တန်းကျောင်းအမှတ် (၁)၊ အ.ထ.က (၃)၊ ဆေးရုံ၊ ရိုမန်ကက်သလစ်ယေဇူး ရွှေနှလုံးတော် ဘုရားရှိခိုးကျောင်းတို့၌ Facility Quarantine နေထိုင်ပြီးစီးသူ (၁၅) ဦးတို့အား ယနေ့ မွန်းလွဲ ၁ နာရီတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဧရာထိုက်နှင့် တာဝန်ရှိသူများက အိမ်ပြန်ခွင့် လက်မှတ်များ ပေးအပ်ခဲ့ကြသည်။

မင်းတပ်၌ စုပေါင်းမဟာဘုံကထိန်ပွဲကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကျင်းပပြုလုပ်

မင်းတပ်မြို့၌ ဌာနဆိုင်ရာဝန်ထမ်းပေါင်းစုံနှင့် ရပ်ကွက်ပြည်သူများ၏ စုပေါင်းမဟာဘုံကထိန် ပို့ဆောင်ခြင်းကို ယနေ့ မွန်းတည့် ၁၂ နာရီတွင် ကျင်းပဆောင်ရွက်သည်။

ဖလမ်းမြို့၌ကလေးသူငယ်အခွင့်အရေးဆိုင်ရာအသိပညာပေး(Talk Show )ပြုလုပ်

ဖလမ်း  နိုဝင်ဘာ  ၂၅ 

ကလေးသူငယ်အခွင့်အရေးဆိုင်ရာအသိပညာပေး(Talk Show)ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ဖလမ်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်သည်။

Subscribe to ချင်းပြည်နယ်