မော်လမြိုင်မြို့နယ်တွင် ရပ်ရွာအခြေပြု အခြေခံစက်ချုပ်သင်တန်းဖွင့်လှစ်
မွန်ပြည်နယ် မော်လမြိုင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အိမ်တွင်းမှုနှင့် သက်မွေးလုပ်ငန်းပညာသင်ကျောင်းတို့ ပူပေါင်းဖွင့်လှစ်သည့် ရပ်ရွာအခြေပြု မိန်းမဝတ်အခြေခံ စက်ချုပ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။