မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း စားပွဲတင်တင်းနစ် ဖိတ်ခေါ်ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားတက်ရောက်
မွန်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်စားပွဲတင်တင်းနစ် ဆပ်ကော်မတီတို့ပူးပေါင်း၍ ဆောင်းရာသီစားပွဲတင် တင်းနစ်ဖိတ်ခေါ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက် အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း အားကစားခန်းမ၌ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြကြောင်း သိရသည်။