သန်လျင်မြို့နယ် သာသနာနုဂ္ဂဟအသင်း လူငယ်ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲကျင်းပ
သန်လျင်ခရိုင် သန်လျင်မြို့နယ် သာသနာနုဂ္ဂဟအသင်းက ကြီးမှူးဖွင့်လှစ်ခဲ့သော လူငယ်ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် (၁၀) နာရီတွင် သန်လျင်မြို့ မြို့မတောင်ရပ်ကွက် ထန်းနှစ်ပင်အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပသည်။