ရန်ကုန်တိုင်းဒေသကြီး

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင် သီတင်းကျွတ်ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲ ပြင်ဆင်ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

MSME ထုတ်ကုန်ပစ္စည်းများ၊ ဒေသထွက်ကုန်ပစ္စည်းများရောင်းချမည့် ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင် သီတင်းကျွတ်ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲ ပြင်ဆင်ဆောင်ရွက်နေမှုများကို စက်တင်ဘာ ၃၀ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။

ဒလမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်း အမှတ်စဉ် (၁/၂၀၂၅) ဖွင့်လှစ်

ရန်ကုန်တိုင်း​ဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် မီးသတ်ဦးစီးဌာနမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်းအမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၉ ရက် နံနက် (၁၀:၀၀) နာရီအချိန်က ကမာကဆစ်ရပ်ကွက်၊ ဒလ-တွံတေးကားလမ်းမ‌‌ဘေးရှိ မြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်း သင်္ဃန်းကျွန်းမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့၏ ဒေသဖွံ့ဖြိုးတိုးတက်မှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများသည် စက်တင်ဘာ ၂၇ ရက်နံနက်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့၏ ဒေသဖွံ့ဖြိုးတိုးတက်မှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ရပ်ကွက်စာကြည့်တိုက်အား စာအုပ်လှူဒါန်းပွဲနှင့် အသစ်ဖွင့်လှစ်မည့် စာကြည့်တိုက်အား ကွင်းဆင်းကြည့်ရှု

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၉၂)ရပ်ကွက်၊ ငြိမ်းချမ်းစိမ်းလန်းစာကြည့်တိုက်တွင် တိုင်းဒေသကြီးစာကြည့်တိုက်ကြီးကြပ်မှုကော်မတီမှ စာအုပ်စာစောင်များနှင့် အလှူရှင်များမှ အလှူငွေများ ပေးအပ်လှူဒါန်းပွဲကို စက်တင်ဘာ ၂၇ ရက် နေ့လယ် ၁ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ်တွင် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အထိမ်းအမှတ်နှင့် ရှေးဦးပြုစုခြင်း အခြေခံသင်တန်းဆင်းပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အထိမ်းအမှတ်နှင့် ရှေးဦးပြုစုခြင်းအခြေခံသင်တန်းဆင်းပွဲကို စက်တင်ဘာ ၂၈ ရက်မွန်းလွဲပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မြတ်ခရေခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တည်ဆဲအခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အခွန်ဦးစီးမှူးရုံးအ‌‌နေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တည်ဆဲဥပ‌ဒေများအရ လိုက်နာဆောင်ရွက်ရမည့်ကိစ္စများနှင့်စပ်လျဉ်း၍ ရှင်းလင်း‌ဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

သန်လျင်မြို့နယ်၌ သွေးတိုး၊ ဆီးချို၊ တီဘီရောဂါဝေဒနာရှင်များအား (အခမဲ့) ကျန်းမာရေးစောင်ရှောက်မှုပေးခြင်း ဆောင်ရွက်

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သွေးတိုး၊ ဆီးချိုရောဂါဝေဒနာရှင်များအား (အခမဲ့) ကျန်းမာရေးစောင်ရှောက်မှုပေးခြင်းကို ယနေ့နံနက် (၉)နာရီအချိန်ကစ၍ သန်လျင်မြို့နယ်အတွင်းရှိ ကျန်းမာရေးဆေးပေးခန်းများ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇလွန်မြို့နယ်တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာ ပြည်သူများအား မဲပေးစက်ဆိုင် ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာပြည်သူများအား မဲပေးစက် ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ် မဲပေးခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု ကျောင်းသား၊ ကျောင်းသူလူငယ်များကို အာဟာပြည့် စားသောက်ဖွယ်ရာများ လှူဒါန်း

(၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်သို့ ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် ကျောင်းသား၊ ကျောင်းသူလူငယ်များသည် ရန်ကုန်မြို့ အ.ထ.က(၁)ကမာရွတ်တွင် စခန်းသွင်းလေ့ကျင့်လျက်ရှိသည်။

ဒဂုံမြို့သစ်ခရိုင်၊ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌဖလား ၂၀၂၅ခုနှစ် အသက် (၂၁) နှစ်အောက် ရပ်ကွက်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြိူ့သစ်ခရိုင်၊ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ၂၀၂၅ ခုနှစ် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို စက်တင်ဘာ ၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ အသင်း(၂၅)သင်းဖြင့် ယှဉ်ပြိုင်ကစားကြရာ စက်တင်ဘာ ၂၇ ရက်နေ့ ညနေ ၃ နာရီတွင် ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ မြို့နယ်အားကစားကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး