ရန်ကုန်တိုင်းဒေသကြီး

သာကေတမြို့နယ် မြန်မာ့မဏ္ဍိုင်ရောင်းဝယ်ရေးသမဝါယမအသင်းလီမိတက်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် ၂/တောင်ရပ်ကွက်၊ မြန်မာ့မဏ္ဍိုင်ရောင်းဝယ်ရေးသမဝါယမအသင်းလီမိတက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို သြဂုတ် လ ၃၁ ရက် မွန်းလွဲ ၂ နာရီက အဆိုပါမြို့နယ်  ၂ /တောင်ရပ်ကွက်၊ ရန်ပြေလမ်းမကြီးရှိ  ရန်အောင်မြင်ဓမ္မာရုံ၌ကျင်းပရာ မြို့နယ်သမဝါယမဦးစီးဋ္ဌာနဦးစီးအရာရှိ ဒေါ်သီတာဦးနှင့်ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးလှကြည်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးဇော်လင်း၊ အသင်းအမှုဆောင်အဖွဲ့နှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

မှော်ဘီခရိုင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား/ ကျောင်းသူများ၊ ကျောင်းများနှင့် လူရည်ချွန်များအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား/ ကျောင်းသူများ၊ ကျောင်းများနှင့် လူရည်ချွန်များအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း အ-ထ-က(၁)ရှိ ပညာရတနာခန်းမတွင် ကျင်းပသည်။

လှည်းကူးပညာရေးဒီဂရီကောလိပ်ကျောင်းတွင် ကျောင်းကောင်စီအသင်းလိုက် မိုးရာသီဘောလုံးအားကစားပြိုင်ပွဲ (ဗိုလ်လုပွဲ)နှင့် ဆုချီးမြှင့်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ ဆရာအတတ်ပညာဦးစီးဌာန၊ လှည်းကူးပညာရေးဒီဂရီကောလိပ်ကျောင်းတွင် ကျောင်းကောင်စီအသင်းလိုက် မိုးရာသီဘောလုံးအားကစားပြိုင်ပွဲ(ဗိုလ်လုပွဲ)နှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့မွန်းလွဲ(၃:၀၀)နာရီက လှည်းကူးမြို့နယ် အားကစားကွင်း၌ကျင်းပခဲ့ရာ ပြိုင်ပွဲသို့ လှည်းကူးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး၊ မြို့နယ်စီမံခန်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင် ဦးခင်ဇော်၊ ဘောလုံးနည်းပြ ဦးသိန်းလင်းအောင်နှင့် ဧည့်သည်တော်များ၊ လှည်းကူးပညာရေးဒီဂရီကောလိပ် ဒုတိယကျောင်းအုပ်ကြီး၊ ကျောင်းကောင်စီအသင်းဝင်ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်အားပေးခဲ့ကြသည်။

ကော့မှူးမြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မိတ်ဆက်တွေ့ဆုံပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မိတ်ဆက်တွေ့ဆုံပွဲကို ယနေ့နံနံက် ၁၀ နာရီက တောင်ပိုင်းရပ်ကွက်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

တိုက်ကြီးခရိုင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ၂၆ ကြိမ်မြောက် ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ၂၆ ကြိမ်မြောက် ခရိုင်အဆင့် ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက အခြေခံပညာအထက်တန်းကျောင်း(မြို့မ)ရှိ ပညာရတနာခန်းမတွင် ကျင်းပသည်။

တွံတေးမြို့နယ်၌ အခွန်ဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေး

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် အခွန်ဦးစီးမှူးရုံးက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တည်ဆဲအခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် စပ်လျဥ်း၍ အခွန်ဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက တွံတေးမြို့နယ် အခွန်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မှော်ဘီမြို့ မှော်ပီဆရာသိန်းစာကြည့်တိုက်၌ ဓညဝတီဌာနေ ကနဦးမြိုတိုင်းရင်းသားများ သမိုင်းစာအုပ် မိတ်ဆက်ပွဲအခမ်း အနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့ အမှတ် (၄) ရပ်ကွက် မှော်ပီဆရာသိန်းစာကြည့်တိုက်၌ ဓညဝတီဌာနေ ကနဦးမြိုတိုင်းရင်းသားများ သမိုင်းစာအုပ် မိတ်ဆက်ပွဲအခမ်းအနားကို ယမန်နေ့နေလယ်က မော်ပီဆရာသိန်းစာကြည့်တိုက်ခန်းမ၌  ကျင်းပခဲ့ပါသည်။

စမ်းချောင်းမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့၀န်ထမ်းများအား UID ကောက်ယူခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး အလုံခရိုင် စမ်းချောင်းမြို့နယ်၌ အငြိမ်းစားနိုင်ငံ့၀န်ထမ်းများအား UID ကောက်ယူခြင်းလုပ်ငန်းကို ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဗိုလ်တထောင်ခရိုင် ဗိုလ်တထောင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများတွေ့ဆုံပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများနှင့် တွေ့ဆုံပွဲကို ဩဂုတ် ၂၈ ရက် နံနက် ၉ နာရီက ဗိုလ်တထောင်မြို့နယ် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း မြဝတီအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ဗိုလ်တထောင်မြို့နယ် Community Centre ခန်းမ၌ ရပ်ကွက်စာကြည့်တိုက်များ ရှင်သန်ခိုင်မာရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ဩဂုတ် ၂၉ ရက် နံနက်ပိုင်းက ရပ်ကွက်စာကြည့်တိုက်များ ရှင်သန်ခိုင်မာရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ​ပြုလုပ်ခဲ့သည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး