ရန်ကုန်တိုင်းဒေသကြီး

တိုက်ကြီးမြို့နယ် အခြေခံပညာမူလတန်းလွန်ကျောင်း (ရင်းတိုက်ကွင်း) ၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီက အခြေခံပညာမူလတန်းလွန်ကျောင်း(ရင်းတိုက်ကွင်း)၌ ကျင်းပသည်။

ကော့မှူးတွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆက်လက်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းကို တာလမ်းသစ်ရပ်ကွက်၌ ဆောင်ရွက်နေကြောင်း သိရသည်။

မှော်ဘီမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (မင်းရွာ) ၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်တွင် လူငယ်များဗလငါးတန်နှင့် ပြည့်စုံသော လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးစာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (မင်းရွာ) ၌ ကျင်းပခဲ့သည်။

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ယာဥ်အန္တရာယ်ကင်းရှင်းစေရန်နှင့် ယာဥ်ကြောလမ်းများ မပိတ်ဆို့စေရန် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းစစ်ဆေးခြင်းများကို အရှိန်အဟုန်မြှင့်တင်နေ့စဥ် ဆောင်ရွက်လျက်ရှိ

ယာဥ်အန္တရာယ်ဖြစ်ပွားမှုလျော့နည်းစေရန်နှင့် ယာဥ်ကြောများပိတ်ဆို့မှုမရှိစေရန် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း စစ်ဆေးခြင်းများကို ယနေ့နံနက်ပိုင်းက လှိုင်သာယာ (အနောက်ပိုင်း) အမှတ်(၈)အ.ထ.က ကျောင်းရှေ့တွင် ကွင်းဆင်းဆောင်ရွက်ကြသည်။

မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံရပ်ကွက်အတွင်း ပန်းခင်းစီမံချက် ၃ ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာမြို့နယ်အတွင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်ဦးစီးမှူးရုံးမှ၀န်ထမ်းများက ယနေ့နံနက်ပိုင်းက ရွှေပေါက်ကံရပ်ကွက်အတွင်း ပန်းခင်းစီမံချက် ၃ ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။

ကြည့်မြင်တိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး ဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ကျောင်းသား၊ ကျောင်းသူများ စာပေလေ့လာဖတ်ရှုခြင်းအားဖြင့် အသိပညာဗဟုသုတများ တိုးပွားစေရန်အတွက် ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သန်လျင်မြို့နယ်၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ Video အသိပညာပေးဟောပြော

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ Video အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက် (၁၁)နာရီအချိန်က အထကပျဉ်ထောင်ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

လသာမြို့နယ် မှန်ကင်းဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ ကျန်းမာရေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ကျောက်တံတားခရိုင် လသာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယမန်နေ့ နံနက်ပိုင်းအချိန်က မှန်ကင်းဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ ကျန်းမာရေးပညာပေးလှုံ့ဆော်မှုများကို ဆောင်ရွက်ခဲ့ပြီး ကျောင်းသားများအား သန့်လေးသန့်၊ ရန်သူ၊ အစာစားပါ ကဗျာ (၃) ပုဒ်ကို သင်ကြားပေးကာ သံပြိုင်ရွတ်ဖတ်စေခြင်း၊ ကျောင်းကျန်းမာရေး မှတ်တမ်းကတ်ဖြည့်စွက်ပေးခြင်းနှင့် ပဏာမမျက်စိကျန်းမာရေး စစ်ဆေးပေးခြင်းတို့ကို ပြုလုပ်ခဲ့သည်။

မင်္ဂလာဒုံမြို့နယ်တွင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း (အောင်ဆန်းသူရိယလှသောင်းကျောင်း) ၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေး အသိပညာပေးဟောပြော၊ သရုပ်ပြပွဲပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံခရိုင် မင်္ဂလာဒုံမြို့နယ်တွင် ခရိုင်ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကော်မတီ၏ လမ်းညွှန်မှုအရ ခရိုင်ကြက်ခြေနီကြီးကြပ်မှု‌ကော်မတီမှ ဦးဆောင်၍ ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေးအတွက် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ အောင်ဆန်းသူရိယလှသောင်းခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီက အသိပညာပေးဟောပြော သရုပ်ပြပွဲကို ပြုလုပ်ခဲ့သည်။

တာမွေမြို့နယ်၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းသစ္စာခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး