ရန်ကုန်တိုင်းဒေသကြီး

လူထုအခြေပြုဗဟိုဌာန(ဗဟန်း)တွင် စာပေချစ်မြတ်နိုးသူများ စာဖတ်ဝိုင်းနှင့် သတင်းမီဒီယာသင်တန်းကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ လူထုအခြေပြုဗဟိုဌာန(ဗဟန်း)တွင် စာဖတ်ဝိုင်းနှင့် သတင်းမီဒီယာသင်တန်းကို ယမန်နေ့ နေ့လယ် ၁၂ နာရီအချိန်က ကျင်းပခဲ့ရာ မြန်မာနိုင်ငံစာရေးဆရာအသင်း(ဗဟို)မှ စာရေးဆရာ ဆရာမင်းဆက်ပိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်၊ ဆရာမတင့်တယ်ခင်၊ အမိမြေသစ္စာသတင်းစုံဂျာနယ် အယ်ဒီတာချုပ် ဆရာဦးသူရဇော်၊ အမိမြေသစ္စာသတင်းစုံဂျာနယ် သတင်းထောက်ချုပ် ဦးဝင်းမြင့်ဦးနှင့် စာရေးဆရာ၊ ဆရာမများ၊ သတင်းထောက်များ တက်ရောက်ခဲ့ကြသည်။

မင်္ဂလာဒုံမြို့နယ်တွင် ခရေပင်လမ်းမကြီး၌ ဓာတ်တိုင်ဝင်တိုက်မိရာမှ ကားဆီတိုင်ကီထိမိ၍ မော်တော်ယာဉ်တစ်စီး မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ဈေးရပ်ကွက်တွင် ဩဂုတ်လ ၁၇ ရက် ညနေ ၃ နာရီ ၄၄ မိနစ်က ခရေပင်လမ်းမကြီးပေါ် ၁၀၆ မှတ်တိုင်အနီးရှိ ဓာတ်တိုင်အားဝင်တိုက်မိ၍ NISSAN VAMEITE အဖြူရောင်မော်တော်ယာဉ်တစ်စီး မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဒေါပုံမြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့၀င်များ မိတ်ဆက်‌တွေ့ဆုံပွဲနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆောင်ရွက်

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့၀င်များ မိတ်ဆက်တွေ့ဆုံပွဲနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ပန်းဘဲတန်းမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဒုတိယနေ့သရုပ်ပြပွဲဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဒုတိယနေ့ သရုပ်ပြပွဲဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က အမှတ်(၂)ရပ်ကွက်၊ မဟာဗန္ဓုလလမ်း၊ မဟာသိမ်တော်ကြီး ပရိယတ္တိစာသင်တိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

မြောက်ဥက္ကလာပမြို့နယ်အတွင်း မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာအသိပညာ​​ပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းကို ယမန်နေ့က ရွှေပေါက်ကံရပ်ကွက် စက်မှုဇုန်တွင် ပြုလုပ်ခဲ့ကြသည်။

ဒဂုံတက္ကသိုလ်တွင် လူငယ်ရေးရာ ဟောပြောပွဲ၊ အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံတိုက်ကွမ်ဒို၊ Fitness Dance သင်တန်းဆင်းပွဲကျင်းပ

၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဒဂုံတက္ကသိုလ်နှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာဟောပြောပွဲ၊ အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းနှင့် ဘာသာရပ်ပေါင်းစုံ တိုက်ကွမ်ဒို၊ Fitness Dance သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် (၁ဝ) နာရီခွဲအချိန်က အဆိုပါတက္ကသိုလ်ရှိ အားကစားခန်းမတွင် ကျင်းပခဲ့သည်။

ဒလမြို့နယ် အခြေခံပညာကျောင်းများ၌ ကျောင်းကျန်းမာရေးသီတင်းပတ်အဖြစ် အာဟာရကျွေးမွေးခြင်းလုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူး‌ပေါင်း၍ ကျောင်းကျန်းမာရေးသီတင်းပတ်အဖြစ် ကျောင်းသား၊ ကျောင်းသူများအား အာဟာရကျွေးမွေးခြင်းကို ယနေ့နံနက်ပိုင်းက အမှတ်(၅)အခြေခံပညာအလယ်တန်းကျောင်း၊ အလယ်ကျောင်း ဘုန်းတော်ကြီးသင်မူလတန်း(လွန်)ကျောင်း၊ အမှတ်(၃)အခြေခံပညာမူလတန်းကျောင်းနှင့် မြတ်မြင့်မိုလ်ကောင်း ကိုယ်ပိုင်အထက်တန်းကျောင်းတို့၌ ဆောင်ရွက်ခဲ့ကြသည်။

ရွှေပြည်သာမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်‌ရေးလှုပ်ရှားမှုနှင့် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး "လူငယ်စကားဝိုင်း"၊ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် ပြိုင်ပွဲများ ကျင်းပ

ကျောင်းသား/သူများ၊ လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဟူသော ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ်တွင်ထူးချွန်ထက်မြက်သည့် လူငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု "လူငယ်စကားဝိုင်း" ဆွေးနွေးပွဲနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ ပုံ‌ပြောပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) အ-လ-က(၁၁)ခန်းမ၌ ယနေ့နံနက် (၉) နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။

ကမာရွတ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား လျှပ်စစ်အန္တရာယ် အသိပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ယနေ့နံနက်ပိုင်းက အမှတ် (၆) ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း အမှတ်(၃)၌ လျှပ်စစ်အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ ဦးဆောင်၍ ဆွေးနွေးပေးခဲ့ကြောင်း သိ ရသည်။

၂၀၂၅ ခုနှစ် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ အထိမ်းအမှတ်အခမ်းအနားကျင်းပ

၂၀၂၅ ခုနှစ် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ မြို့နယ်အဆင့် အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ကြကြောင်း သိရသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး