လသာမြို့နယ် မှန်ကင်းဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ ကျန်းမာရေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
ကျောက်တံတားခရိုင် လသာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယမန်နေ့ နံနက်ပိုင်းအချိန်က မှန်ကင်းဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ ကျန်းမာရေးပညာပေးလှုံ့ဆော်မှုများကို ဆောင်ရွက်ခဲ့ပြီး ကျောင်းသားများအား သန့်လေးသန့်၊ ရန်သူ၊ အစာစားပါ ကဗျာ (၃) ပုဒ်ကို သင်ကြားပေးကာ သံပြိုင်ရွတ်ဖတ်စေခြင်း၊ ကျောင်းကျန်းမာရေး မှတ်တမ်းကတ်ဖြည့်စွက်ပေးခြင်းနှင့် ပဏာမမျက်စိကျန်းမာရေး စစ်ဆေးပေးခြင်းတို့ကို ပြုလုပ်ခဲ့သည်။