ရန်ကုန်တိုင်းဒေသကြီး

ပန်းဘဲတန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community centre ခန်းမ၌ ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပပြုလုပ်

ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community centre ခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။

သန်လျင်မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါပိုးတွေ့ရှိလူနာများ၏ နေအိမ်ဝန်းကျင်များအား ဆေးဖြန်းခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

သန်လျင်ခရိုင် သန်လျင်မြို့နယ် သောက်တော်တွင်းရပ်ကွက်၊ ပဒုမ္မာလမ်း၌ သွေးလွန်တုပ်ကွေးရောဂါပိုးတွေ့ရှိလူနာများ၏ နေအိမ်ဝန်းကျင်၌ ဆေးဖြန့်ခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်(၁၁)နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ကြသည်။

လှည်းကူးမြို့နယ်၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်း ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့မွန်းလွဲ ၁ နာရီက မြို့မရပ်ကွက်ရှိ အောင်သုခအခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း တိုက်ကြီးမွေးမြူရေးဇုန် ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများအား ကြည့်ရူစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ချင်းကုန်းကျေးရွာအုပ်စု၊ တိုက်ကြီးမွေးမြူရေးဇုန် ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာမြှင့်တင်ရေးသင်တန်း ဖွင့်လှစ်

မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းချုပ်က ဦးစီးကျင်းပသည့် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာမြှင့်တင်ရေးသင်တန်းကို ယနေ့နံနက် ၈ နာရီခွဲတွင် ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မင်္ဂလာခန်းမ၌ ကျင်းပခဲ့သည်။

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ခရိုင်အဆင့်၊ မီးငြှိမ်းသတ်ရေးနှင့်ရှာဖွေကယ်ဆယ်ရေးသင်တန်း(၂/၂၀၂၅)ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မီးသတ်ဦးစီးဌာနမှ ခရိုင်အဆင့်မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း(၂/၂၀၂၅)ဖွင့်ပွဲအခမ်းအနားကို လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ခရိုင်မီးသတ်ဦးစီးဌာနရုံးခန်းမတွင်ပြုလုပ်ရာ အင်းစိန်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးရဲထွန်းဇော်၊ အင်းစိန်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်အဆင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းအဖွဲ့ခေါင်းဆောင်များ၊ အင်းစိန်ခရိုင်အတွင်းမြို့နယ်များမှ သင်တန်းသားများတက်ရောက်ကြသည်။

ပြည်သူ့စစ်မှုထမ်း အမှတ်စဉ်(၁၆) သင်တန်းဖွင့်ပွဲ ကျင်းပ

ပြည်သူ့စစ်မှုထမ်းအမှတ်စဉ်(၁၆) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဂျိုးဖြူဒေသရှိ နယ်မြေခံသင်တန်းကျောင်းတွင် ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ နယ်မြေခံသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီးနှင့် တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ အုပ်ချုပ်သူနည်းပြများ၊ သင်တန်းသားများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်‌ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်းမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်‌ရေးလှုပ်ရှားမှုအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၁) နာရီ၌ ရွှေလင်ပန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းအမှတ်(၁၄)တွင် ကျင်းပပြုလုပ်ခဲ့သည်။

ဒဂုံမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ MEVM မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းလုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ ယောမင်းကြီးရပ်ကွက် ဗိုလ်ရာညွန့်ရှိ၊ ယောမင်းကြီးရပ်ကွက်ဓမ္မာရုံ၌ ဒဂုံမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ MEVM မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း လုပ်ငန်းများကို ယနေ့နံနက် (၉) နာရီအချိန်က စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တိုက်ကြီးမြို့နယ်တွင် Training Course on Database , GIS & Remote Sensing No.5 သင်တန်းဖွင့်ပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနက ဝန်ထမ်းများကို ခေတ်မီနည်းပညာများအား ဌာနလုပ်ငန်းများတွင် လက်တွေ့အသုံးချနိုင်စေရန် ရည်ရွယ်၍ Training Course on Database, GIS & Remote Sensing No,5 သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ဗဟိုမြေစာရင်းဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေးသင်တန်းကျောင်း၌ ကျင်းပသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး