ရန်ကုန်တိုင်းဒေသကြီး

တိုက်ကြီးမြို့နယ် အ‌ခြေခံပညာအထက်တန်းကျောင်း(ခွဲ)(ဥတို)၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း(ခွဲ)(ဥတို)၌ ကျင်းပသည်။

ကျောက်တံတားမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယနေ့ နေ့လယ် (၁၂)နာရီအချိန်တွင် ဆူးလေဘုရားလမ်းရှိ အမှတ်(၇၇) ဟိုတယ်နှင့်ခရီးသွားလာရေး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မှော်ဘီမြို့နယ်၌ နိုင်ငံ့ဝန်ထမ်း(ငြိမ်း)ပင်စင်စားများနှင့် ရုံးသို့နိုင်ငံသားစိစစ်ရေးကဒ်လာရောက်ဆောင်ရွက်သူများအား UID နံပါတ်များဆက်လက်ဆောင်ရွက်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မှော်ဘီခရိုင်မှူးနှင့် မှော်ဘီမြို့နယ်ဦးစီးမှူးတို့၏ ဦးစီးဦးဆောင်ကြီးကြပ်မှုဖြင့် မှော်ဘီမြို့နယ်ဦးစီးမှူးရုံးမှ လဝကမှူးဒေါ်ခင်စိုးသန်းနှင့်ဝန်ထမ်း(၅)ဦးတို့က မြို့နယ်လူဝန်မှုကြီးကြပ်ရေးဦးစီးမှူးရုံးတွင် နိုင်ငံ့ဝန်ထမ်း (ငြိမ်း)ပင်စင်စားများအား Biometric ကောက်ယူခြင်း၊ Smart Card များပြုလုပ်ပေးခြင်းလုပ်ငန်းနှင့် UID နံပါတ်ထုတ်ပေခြင်းများကို ဆက်လက်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။ 

ကော့မှူးမြို့နယ် မူလွန်(ပတုပ်)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာ‌စောင်ပြပွဲ ကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများစာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတရရှိ‌စေရေးအတွက် အခြေခံပညာကျောင်းများ၌ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ‌ ယနေ့နံနက်က ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ အခြေခံပညာမူလတန်း‌လွန်ကျောင်း(မူလွန်-ပတုပ်)ကျောင်း၌ အသိပညာ‌ပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာ‌စောင်ပြပွဲများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သာကေတမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး နယ်လှည့်ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ စာပေမှဗဟုသုတများစွာရရှိစေရန်၊ စာအုပ်စာပေများကို လက်ဝယ်အရောက် အလွယ်တကူဖတ်ရှူလေ့လာနိုင်စေရန်နှင့် စာပေကိုပိုမိုမြတ်နိုးတန်ဖိုးထားတတ်စေရန်ရည်ရွယ်၍ ဗဟုသုတရရှိစေမည့် သုတ၊ ရသစာအုပ်၊ စာစောင်များအား ကျောင်းသား၊ ကျောင်းသူများ လက်ဝယ်အရောက်ငှားရမ်းပေးခြင်း၊ စာဖတ်ခြင်းအကျိုးအသိပညာပေးဟောပြောခြင်း၊ ကလေးအလုပ်သမား အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သာကေတမြို့နယ်ရုံးမှဝန်ထမ်းများက ယနေ့နံနက်(၁၀)နာရီအချိန်က သာကေတမြို့နယ် အမှတ်(၉)အခြေခံပညာမူလတန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထန်းတပင်မြို့နယ်တွင် စက်မှုလယ်ယာစနစ်ကျလယ်ယာမြေဧကငါးရာကျော်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပြီး ထပ်မံ၍အကောင်အထည်ဖော်ဆောင်ရွက်ရေးစီစဥ်ဆောင်ရွက်နေ

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် စက်မှုလယ်ယာဦးစီးဌာနအနေဖြင့်မြို့နယ်အတွင်းအရည်အသွေးကောင်းမွန်သော စံပြကွက်များဖြစ်စေရေးအတွက် စက်မှုလယ်ယာစနစ်ကျ လယ်ယာမြေဧကများအဖြစ်ပြောင်းလဲအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ မြို့နယ်အတွင်း စက်မှုလယ်ယာစနစ်ကျ လယ်ယာမြေဧကငါးရာကျော်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပြီး စနစ်ကျလယ်ယာမြေဧကများ ထပ်မံ၍ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက်လည်း စီစဥ်ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ဦးစီးမှူးရုံးမှ ဩဂုတ်လ ၁၇ ရက်နေ့နံနက်ပိုင်းက အမှတ်(၃၇)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။   

ရွက်ပုန်းသီးမျိုးဆက်သစ်များ ပေါ်ထွက်လာရေးအတွက် နယ်ဒေသများတွင် လေ့ကျင့်ရေးစင်တာများဖွင့်လှစ်ကာ ဘောလုံးအားကစားဖွံ့ဖြိုးရေးဆောင်ရွက်မည်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်နှင့်ပူးပေါင်း၍ ရွက်ပုန်းသီးမျိုးဆက်သစ်များ ပေါ်ထွက်လာရေးအတွက် နယ်ဒေသများတွင် လေ့ကျင့်ရေးစင်တာများဖွင့်လှစ်ကာ ဘောလုံးအားကစားဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်သွားမည်ဖြစ်သည်။ အဆိုပါစီမံကိန်းအတွက် အကြိုအလုပ်ရုံဆွေးနွေးပွဲကို ဩဂုတ်လ ၁၃ ရက်မှ ၁၇ ရက်နေ့အထိ MFF တွင် ကျင်းပပြီးစီးခဲ့ပြီဖြစ်သည်။

ကွမ်းခြံကုန်းမြို့နယ်၌ တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများအားဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် တိုင်းရင်းဆေးကုဌာနမှ မင်းပိုင်းရပ်ကွက်၊ (အ-မ-က)ကျောင်း၌ တိုင်းရင်းဆေးဖြင့်ကျန်းမာရေးစောင့်ရှောက်မှုများအား ကွင်းဆင်းကုသခြင်းများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကွမ်းခြံကုန်းမြို့နယ်တွင် အိမ်ဆောက်ပစ္စည်းအ‌ရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်အနေဖြင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် အခြားဌာနဆိုင်ရာများ ပူးပေါင်း၍ မြို့မဈေးအတွင်း ရောင်းချသော အိမ်ဆောက်ပစ္စည်းဆိုင်များအား ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး