ရန်ကုန်တိုင်းဒေသကြီး

မြောက်ဥက္ကလာပမြို့နယ်ရှိတွင် ဆေးတက္ကသိုလ်တွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်ကာ သွေးလွန်တုပ်‌ကွေးနှိမ်နင်းရေး ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ မြို့သန့်ရှင်းသာယာလှပရေးနှင့် ကျောင်းပတ်၀န်းကျင်သန့်ရှင်းစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ဌာနဆိုင်ရာများက ဝေဘာဂီရပ်ကွက်၊ မေဓါဝီလမ်း ဆေးဝါးတက္ကသိုလ်ဝန်းအတွင်း ယမန်နေ့နံနက် ၇ နာရီအချိန်က စုပေါင်းသန့်ရှင်းရေးပြုလုပ်ကာ သွေးလွန်တုပ်‌ကွေးနှိမ်နင်းရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ညောင်ကျေးရွာအုပ်စု ၅၅၅ တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်‌ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ကွင်းဆင်း ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ကွင်းဆင်း ဆောင်ရွက်ခြင်းကို ဇူလိုင်လ ၂၅ ရက်နေ့နံနက် (၈) နာရီ၌ ညောင်ကျေးရွာ အုပ်စုပိုင် ၅၅၅ မြေနုကျွန်းအတွင်းရှိ နေအိမ်များအား တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်လံကွင်းဆင်း ဆောင်ရွက်လျက်ရှိသည်။

အင်းစိန်မြို့နယ်တွင် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုစာရင်း နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးခြင်းနှင့် Biometric ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ် လူဝင်မှုကြီးကြပ်‌ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် “လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် Biometric စာရင်းကောက်ယူခြင်းတို့ကို ယ‌မန်နေ့နံနက်ပိုင်းက ရွာမအရှေ့ရပ်ကွက်၊ စော်ဘွားကြီးကုန်းရပ်ကွက်နှင့် အရှေ့ကြို့ကုန်းရပ်ကွက်များသို့ ကွင်းဆင်ဆောင်ရွက်‌ပေးခဲ့သည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ် (Abate ) ဆေးခတ်ခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ သွေးလွန်တုပ်ကွေး ရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ် (Abate)ဆေးခတ်ခြင်း လုပ်ငန်းနှင့် အသိပညာ‌ပေးခြင်းလုပ်ငန်းများကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၅)၊ အမှတ်(၁၅၆)ရပ်ကွက်တို့ရှိ အခြေခံပညာကျောင်းနှင့် နေအိမ်များတွင် ဆောင်ရွက်ခဲ့ကြသည်။

လှိုင်မြို့နယ် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်း ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်တွင် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရေး ရည်ရွယ်၍ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ခရမ်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက  ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့၀င်များက အမှတ်(၂) ရပ်ကွက်အတွင်းသို့ ကွင်းဆင်း၍ ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

ကော့မှူးမြို့နယ် ကျိုက်ထော်(မြောက်)ကျေးရွာ၌ ရေယာဉ်စီးခရီးသည်များ အန္တရာယ်မဖြစ်ပွားစေရေး ကူညီ‌ဆောင်ရွက်ပေးခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ ကျိုက်ထော်(မြောက်)ကျေးရွာတွင် ပြေးဆွဲလျက်ရှိသော စက်တပ်သမ္မန်‌ မောင်းနှင်သူများနှင့် ခရီးသည်များအန္တရာယ် တစ်စုံတစ်ရာဖြစ်ပေါ်မှုမရှိစေရေး ကူညီ‌ဆောင်ရွက်ပေးခြင်းနှင့် အသိပညာပေးခြင်းကို ယမန်နေ့နံနက်က တွံတေးခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးက ဆောင်ရွက်နေကြကြောင်း သိရသည်။

တာမွေမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား UID (Unique Identification)နံပါတ်များ ထုတ်ပေး

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်(တာမွေဘဏ်ခွဲ)၌ ယမန်နေ့န့နက်ပိုင်းအချိန်က မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက အဆိုပါဘဏ်ခွဲ၌ ပင်စင်လစာ ထုတ်ယူလျက်ရှိသော အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများအား UID (Unique Identification)နံပါတ်များ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း မိုးရာသီကာလတွင် ကလေးငယ်များ၌ အများဆုံးဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများနှင့် ရပ်ကွက်တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များမှ ယနေ့နံနက်ပိုင်းမှစ၍ ချောင်းဝိုင်းလေးရပ်ကွက်အတွင်း ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

ထန်းတပင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျောင်းကုန်းကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး