ယူအေအီးနိုင်ငံမှ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထပ်မံရောက်ရှိ
မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်ကလှုပ်ခတ်ခဲ့သော မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် ငလျင်ဒဏ်သင့်ပြည်သူများအတွက် ယူအေအီးနိုင်ငံမှ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ တင်ဆောင်လာသည့် Aerostan လေကြောင်းလိုင်းမှ လေယာဉ်သည် ယမန်နေ့နံနက် ၅ နာရီ ၅၀ မိနစ်အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ပြီး အဆိုပါလေယာဉ်တွင် မြန်မာနိုင်ငံ ငလျင်ဘေးဒဏ်သင့်ဒေသများအတွက် လှူဒါန်းသည့် ဆေးဝါးများနှင့် ယာယီတဲများ စုစုပေါင်း(၆၅)ထုပ်၊ (၂၄၈၆၀)kgကို တင်ဆောင်၍ ရောက်ရှိလာသည်။