မန္တလေးတိုင်းဒေသကြီး

ကျောက်ဆည်မြို့၌ ပလတ်စတစ်အိတ်သုံးစွဲမှု လျော့နည်းပပျောက်စေရေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ပလတ်စတစ်အိတ်သုံးစွဲမှု လျော့နည်းပပျောက်စေရေးနှင့် အစားထိုးသုံးစွဲမှုများလိုက်နာရေး အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းပြီး စက်တင်ဘာ ၈ ရက်နေ့နံနက် (၇) နာရီက ကျောက်ဆည်မြို့၊ မြို့မဈေးကြီးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်တက္ကသိုလ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်အကြောင်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆက်လက်ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးကြမည့် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လွယ်ကူစွာဆန္ဒမဲပေးတတ်စေရန် ရည်ရွယ်ကာ ကျောက်ဆည်တက္ကသိုလ်ရှိ Theatre ခန်းမ၌ စက်တင်ဘာ ၈ ရက်နေ့ နံနက် ၉ နာရီ မိနစ် ၃၀ က မြန်မာအီလက်ထရောနစ်မဲပေးစက်အကြောင်း အသိပညာပေးခြင်းနှင့် လက်တွေ့ စမ်းသပ်မဲပေးခြင်းများ ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့၌ ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ (၁၄၂) ကြိမ်မြောက် သမိုင်းဝင်ဖောင်တော်ဦးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို စက်တင်ဘာ ၇ ရက်နေ့ညနေ ၄ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြှင့်တင်ရေး စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများကို စက်တင်ဘာ ၈ ရက်နေ့ နံနက် ၁၀နာရီက ကျင်းပခဲ့သည်။

ပြည်ကြီးတံခွန်မြို့နယ်တွင် မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ် မဲပေးခြင်းများ ဆက်လက်ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (စ)ရပ်ကွက်၊ လောကချမ်းသာဓမ္မာရုံနှင့် သိန္တသုခဓမ္မာရုံ၌ မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို စက်တင်ဘာ ၈ ရက်နေ့ နံနက် ၉ နာရီမှ ၁၂ နာရီထိ ဆက်လက်ဆောင်ရွက်ခဲ့သည်။

ချမ်းအေးသာစံမြို့နယ်တွင် မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနား ကျင်းပ

မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကို ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်၊ ဝါခင်းကုန်းဘုရားဝင်းအတွင်းရှိ မဟာမုဒိဓာတ်ပေါင်းစုံ ဓမ္မာရုံအတွင်း၌ စက်တင်ဘာ ၈ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

အမရပူရမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တွင် လာမည့်ရွေးကောက်ပွဲတွင်အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနိုင်အောင် အသိပညာပေးခြင်းနှင့်လက်တွေ့မဲပေးခြင်းလုပ်ငန်းများကို အမရပူရကော်ရှင်အဖွဲ့ခွဲမှ စက်တင်ဘာ ၃ ရက်နေ့မှ စတင်ပြီးကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်(အကြို) စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာရေးပြိုင်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်(အကြို)အဖြစ် မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာရေးပြိုင်ပွဲတို့ကို စက်တင်ဘာ ၈ ရက်နေ့နံနက်ပိုင်းက အ-ထ-က (စဉ့်ကိုင်)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

စဉ့်ကိုင်မြို့နယ်ရှိ ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့ စမ်းသပ်မဲပေး 

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒ‌မဲပေးကြမည့် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လွယ်ကူစွာ ဆန္ဒမဲပေးတတ်စေရန် စက်တင်ဘာ ၇ ရက် နံနက် ၁၀နာရီက ရန်အောင်မြင်ရပ်ကွက် မြသီတာပန်းခြံအတွင်းရှိ မြို့နယ်ခန်းမ၌ (မြို့နယ်အဆင့်) ဌာနဆိုင်ရာများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အကြောင်း အသိပညာပေးခြင်းနှင့် လက်တွေ့ စမ်းသပ်မဲပေးမှုသရုပ်ပြပွဲ ပြုလုပ်ရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဝင်းကြူ၊ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးအောင်ဆန်းဦးနှင့် ဝန်ထမ်းများ၊ ကျေးရွာဒေသခံများ စုစုပေါင်း လူဦးရေ ၇၄၁ဦး တက်ရောက်ခဲ့ကြ‌ကြောင်း သိရသည်။

မန္တလေးတက္ကသိုလ် ရာပြည့်သဘင်အထိမ်းအမှတ်အဖြစ် "ဂုဏ်ယူဖွယ်ရာ အမှတ်တရများနှင့် မန္တလေးတက္ကသိုလ်" စကားဝိုင်းနှင့် "အနာဂတ်၏ ဗိသုကာများ" လူငယ်စကားဝိုင်း ကျင်းပ

‎‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်  မန္တလေးတက္ကသိုလ် နှစ်(၁၀၀)ပြည့် ကျင်းပရေးကော်မတီနှင့် မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA)တို့ ပူးပေါင်းကျင်းပသည့် "ဂုဏ်ယူဖွယ်ရာ အမှတ်တရများနှင့် မန္တလေးတက္ကသိုလ်" စကားဝိုင်းနှင့် "အနာဂတ်၏ ဗိသုကာများ" လူငယ်စကားဝိုင်းကို ယနေ့နံနက်က Hotel Hazel  ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး