မန္တလေးတိုင်းဒေသကြီး

ချမ်းအေးသာစံမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမတွင် စွမ်းရည်မြှင့်ပြိုင်ပွဲများ ကျင်းပ

ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် အတွေးအခေါ်များမြင့်မားစေရေး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၅)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတို့ ပူးပေါင်းကာ စွမ်းရည်မြှင့်ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

စဉ့်ကိုင်မြို့ "ဘဝအလင်းသစ်"စာကြည့်တိုက်၌ စာဖတ်ရှိန်မြှင့်တင်ရေး၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး

မန္တလေးတိုင်း‌ဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် အ-မ-က(သင်္ဂတုံ)နှင့်ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ စာဖတ်စွမ်းရည် ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲတို့ကို ယနေ့နံနက်၁၀နာရီက သင်္ဂတုံကျေးရွာ  "ဘဝအလင်းသစ်" စာကြည့်တိုက်၌ ကျင်းပသည်။

မဟာအောင်မြေမြို့နယ် မီးသတ်ဦးစီးဌာနမှ တိုင်ဖွန်းမုန်တိုင်းအန္တရာယ်တုံ့ပြန်ရေး ကြိုတင်ပြင်ဆင်စုဖွဲ့ 

‎မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ‎တိုင်ဖွန်းမုန်တိုင်း"ကာဂျီကီ"၏အကြွင်းအကျန်များသည် မြန်မာနိုင်ငံအတွင်း ဖြတ်ကျော်ဝင်ရောက်နိုင်သဖြင့် တပ်ဖွဲ့ဝင်၊ ယာဥ်/စက်၊ လှေများ အသင့်စုဖွဲ့ထား၍ မုန်းတိုင်း အန္တရာယ်တုန့်ပြန်နိုင်စေရန် ကြိုတင်လေ့ကျင့်ပြင်ဆင်စုဖွဲ့မှုများကို ယနေ့နံနက်ပိုင်းက ပြုလုပ်သည်။

ချမ်း​အေးသာစံမြို့နယ် ELC ကိုယ်ပိုင်အထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်း ကျင်းပ

အနာဂတ်ကာလတွင် မျိုးဆက်သစ်ကျောင်းသားလူငယ်များ ဉာဏ်ရည်မြင့်မားစေရန်နှင့် အသိပညာ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ELC ကိုယ်ပိုင်အထက်တန်း ကျောင်းတို့ ပူးပေါင်းကာ လူငယ်စကားဝိုင်းအခမ်းအနားကို ယနေ့ နံနက်(၉)နာရီက   ကျင်းပသည်။

အမရပူရမြို့နယ် မဟာဂန္ဓာရုံကျောင်းတိုက်အတွင်း ဂန္ဓကုဋိဘုရားကျောင်းဆောင်တော်ကြီး အသစ်ပြန်လည်တည်ဆောက်ရန် ရတနာပန္နက်တော်တင်

မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပြိုကျပျက်စီးခဲ့သည့် အမရပူရမြို့နယ်ရှိ မဟာဂန္ဓာရုံကျောင်းတိုက်အတွင်းဂန္ဓကုဋိဘုရားကျောင်းဆောင် တော်ကြီး အသစ်ပြန်လည်တည်ဆောက်လှူဒါန်းခြင်း ရတနာပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ဩဂုတ်၂၅ရက်နံနက်ပိုင်းက ကျင်းပရာ နိုင်ငံတော်ဩဝါဒါစရိယ မဟာဂန္ဓာရုံကျောင်း တိုက်ကြီး၏ မဟာနာယကချုပ် ဆရာတော်ကြီး အဘိဓဇမဟာရဋ္ဌဂုရု ၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘဒ္ဒန္တဣန္ဒောဘာသာဘိဝံသ အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူသည်။

မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဥ်ရပ်ကွက်၊ စီးတော်မြင်းဝန်ဘုန်းကြီးကျောင်းအတွင်းရှိ ဓမ္မသဟာယဗိမာန်တော်တွင် မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနား ကျင်းပ

‎‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေဖြင့် မဟာနွယ်စဥ်ရပ်ကွက်အတွင်းရှိ အများပြည်သူများကို မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ဩဂုတ်လ (၂၅) ရက်နေ့က စီးတော်မြင်းဝန်ဘုန်းကြီးကျောင်းအတွင်းရှိ ဓမ္မသဟာယဗိမာန်တော်၌ ကျင်းပခဲ့သည်။

မြစ်သားမြို့နယ်တွင် သဘာ၀ဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေး ပစ္စည်းများအဆင်သင့်စုဖွဲ့ပြင်ဆင်ထား

မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲ‌နှင့် အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင်များသည် ယ‌နေ့နံနက် ၉ နာရီက မြို့နယ်မီးသတ်စခန်းတွင် ကာဂျီကီ (KAJIKI) မုန်တိုင်းအန္တရာယ်ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးပစ္စည်းများနှင့် မီးသတ် တပ်ဖွဲ့ဝင်များအား ကြိုတင်ပြင်ဆင်‌ဆောင်ရွက်ထားမှုများကို ကြည့်ရှုစစ်ဆေးသည်။

မဟာအောင်မြေမြို့နယ်၌ မြန်မာအီလက်ထရောနစ် မဲပေးစက်ဆိုင်ရာအသိပညာပေး 

‎မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ဩဂုတ် ၂၆ ရက်က ဟေမမာလာမြောက်ရပ်ကွက် ဖျာတန်းဓမ္မာရုံ၌ ကျင်းပရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးဝင်းက  အမှာစကားပြောကြားသည်။

အောင်မြေသာစံမြို့နယ်ပညာရေးမှူးဖလား အခြေခံပညာအသက်(၁၁)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲနှင့်ဆုချီးမြင့်

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၁)အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဩဂုတ် ၂၆ရက် နံနက် ၈ နာရီက  ၈၁လမ်း၊၂၃/၂၄လမ်းကြားရှိ အမှတ်(၂၁)အခြေခံပညာ မူလတန်းကျောင်း အားကစားပြိုင်ကွင်း၌ ပြုလုပ်သည်။

မဟာအောင်မြေမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေး

‎‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင် မဟာအောင်မြေမြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအနေဖြင့် ဟေမမာလာတောင်ရပ်ကွက်အတွင်း သဗ္ဗသုခဓမ္မာရုံ၌ အများပြည်သူများကို မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ဩဂုတ်၂၆ရက်ကကျင်းပသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး