မန္တလေးတိုင်းဒေသကြီး

မြင်းခြံမြို့ အထက(၂) ကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြော

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အထက(၂) ကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် (၁၀) နာရီက ပြုလုပ်သည်။ ဟောပြောပွဲတွင် အထက(၂) ကျောင်း ယာယီကျောင်းအုပ်ဆရာမကြီးက ဟောပြောပွဲနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးက ကျောင်းသားကျောင်းသူများ ဗလငါးတန်နှင့် ပြည့်စုံစေရန် ဟောပြောသည်။

ကျောက်ဆည်မြို့နယ် မင်းစုအခြေခံပညာအထက်တန်းကျောင်းတွင်  လူငယ်ရေးရာအသိပညာပေးဟောပြော 

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ကျောက်ဆည်မြို့နယ် မင်းစုအခြေခံပညာ အထက်တန်း ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပသည်။

ကျောက်ဆည်တက္ကသိုလ် သတ္တဗေဒဌာနမှ ကျောင်းသားကျောင်းသူများ ကူမဲမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနသို့ သွားရောက်လေ့လာ

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် ကျောက်ဆည်တက္ကသိုလ် သတ္တဗေဒဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာလဲ့လဲ့ထွန်းဦးစီး၍ သတ္တဗေဒဌာနမှ ကျောင်းသား ကျောင်းသူ စုစုပေါင်း (၁၆၈)ဦးတို့သည် ဩဂုတ် ၂၆ရက် နံနက်ပိုင်းက ကူမဲမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနသို့ အခြေခံငါးမွေး‌မြူရေးနှင့် ရေချိုငါးဆေးထိုးသားဖောက်သည့် ပညာရပ် သင်တန်း(၁/၂၀၂၅)ကို စာတွေ့လက်တွေ့ သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ် အခြေခံပညာမူလတန်း ကျောင်းများတွင် အာဟာရကျွေးမွေး

မြစ်သားမြို့နယ်တွင်  ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဘုန်းမြတ်ကိုဦးဆောင်ကာ မြို့နယ် မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ ကျန်းမာရေးဆရာမများက ယနေ့နံနက်(၉)နာရီမှစတင်၍  အ‌ခြေခံပညာ မူလတန်းကျောင်းများမှ Kg ကျောင်းသား၊ ကျောင်းသူ ၂၃၁ဦးအား ဆက်လက်၍အာဟာရကျွေးမွး ပေးခဲ့ကြောင်း သိရသည်။

အောင်မြေသာစံမြို့နယ် မီးသတ်ဦးစီးဌာနက တိုင်ဖွန်းမုန်တိုင်းအန္တရာယ်တုံ့ပြန်ရေး ကြိုတင်ပြင်ဆင်စုဖွဲ့

‎မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ မီးသတ်ဦးစီးဌာနအနေဖြင့် ‎တိုင်ဖွန်းမုန်တိုင်း “ကာဂျီကီ”၏ အကြွင်းအကျန်များသည် မြန်မာနိုင်ငံအတွင်း ဖြတ်ကျော်ဝင်ရောက်နိုင်သဖြင့် တပ်ဖွဲ့ဝင်၊ ယာဥ်/စက်၊ လှေများ အသင့်စုဖွဲ့ထား၍ မုန်တိုင်းအန္တရာယ်တုန့်ပြန်နိုင်စေရန် ကြိုတင်လေ့ကျင့်ပြင်ဆင်စုဖွဲ့မှုများကို ယနေ့နံနက် ၉ နာရီက ပြုလုပ်ကြသည်။

ပျော်ဘွယ်မြို့နယ် မင်းလှသာစည်ကျေးရွာတွင် မဲပေးစက်အကြောင်း အသိပညာပေးရှင်းလင်းပွဲ ကျင်းပ

ပျော်ဘွယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှဦးဆောင်၍ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် မဲဆန္ဒရှင်ပြည်သူများသို့ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ဩဂုတ်လ (၂၆) ရက်၊ မွန်းလွဲ (၁) နာရီက မင်းလှသာစည်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကျင်းပသည်။

အောင်မြေသာစံမြို့နယ်တွင် မီးငြှိမ်းသတ်ရေးနှင့် သဘာဘေးအန္တရာယ်ရှာဖွေကယ်ဆယ်ရေး ပညာဆင့်ပွားမျှဝေခြင်း ဖွင့်ပွဲပြုလုပ်

မီးငြိမ်းသတ်ရေးနှင့်သဘာဝဘေးအန္တရာယ်ရှာဖွေကယ်ဆယ်ရေး ပညာဆင့်ပွားမျှဝေခြင်းဖွင့်ပွဲကို ဩဂုတ်လ ၂၅ ရက်နေ့ ညနေ ၆ နာရီက မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်၊ အကွက် (၈) ၈၉ လမ်း၊ ၈×၉ လမ်းကြားရှိ ညောင်ကွဲရပ်ကွက် အရန်မီးသတ်တပ်ဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

ချမ်းမြသာစည်မြို့နယ် အထက(၃၅)တွင် လူငယ်ရေးရာအသိပညာပေး

အနာဂတ်၏ လူငယ်များထူးချွန်ထက်မြက်၍ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက် လာစေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်၉နာရီခွဲက အမှတ်(၃၅) အခြေခံပညာ အထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပသည်။

ပျော်ဘွယ်မြို့နယ်တွင် KG ကျောင်းသား၊ ကျောင်းသူ ၄၀၀၈ ဦးကို အာဟာရပြည့်အစားအစာများကျွေးမွေး

ပျော်ဘွယ်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များအစီအစဉ်အရ မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများမှ အသက်(၅)နှစ်နှင့်(၇)နှစ်ကြားရှိ ကျောင်းသား၊ ကျောင်းသူ ၄၀၀၈ ဦးကို အာဟာရပြည့်အစားအစာများ ကျွေးမွေးခြင်းတို့ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြင်ဦးလွင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေး ဟောပြော

လူငယ်ကဏ္ဍကိုမြှင့်တင်စေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံ‌သော  လူငယ်များပေါ်ထွန်းလာစေရန် ရည်ရွယ်၍  မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်တွင်  စာဖတ်ရှိန်မြှင့်တင်ရေး  လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့‌ နံနက်(၉)နာရီခွဲက တိုးကြီးကုန်းကျေးရွာ အခြေခံ ပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး