မန္တလေးတိုင်းဒေသကြီး

သာစည်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ပညာရည်ချွန်ဆုပေးပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး သာစည်မြို့အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း သူရိယခန်းမ၌ မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့်၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲကို ဩဂုတ် ၂၅ ရက်နံနက် ၉ နာရီက ကျင်းပသည်။

မြစ်သားမြို့နယ်တွင်  စိုက်ပျိုးရေးဦးစီးဌာနနှင့်စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့ ပူးပေါင်း၍ ချည်မျှင်ရှည်ဝါ မျိုးကောင်း၊မျိုးသန့်မျိုးစေ့ထုတ်စံပြကွက် စိုက်ခင်းကွင်းသရုပ်ပြ

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် နွားကူးကြီးကျေးရွာအုပ်စု ကွင်းအမှတ် (၆၅၃) တောင်သူ ဦးသိန်းထွန်းကွင်းတွင် တောင်သူအခြေပြုလိုင်း-၆၆ ချည် မျှင်ရှည်ဝါမျိုးကောင်း၊ မျိုးသန့်မျိုးစေ့ထုတ် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် စိုက်ပျိုး ရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက် ၁၀နာရီ က ကွင်းသရုပ်ပြစိုက်ပျိုးသည်။

ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု ကျောင်းတွင်း အဟာရကျွေးမွေး

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့တွင် ကျောင်းကျန်းမာရေးသီတင်းပတ် လှုပ်ရှားမှုအဖြစ်  ကျောင်းတွင်းအဟာရကျွေးမွေးခြင်းကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၇)အခြေခံ ပညာ မူလတန်းလွန်ကျောင်းတွင် ကျင်းပသည်။

ကျောက်ပန်းတောင်းမြို့ စံပြရပ်ကွက်၌ မြန်မာအီလက်ထရောနစ်  မဲပေးစက်ဖြင့် မဲပေးမှုအသိပညာပေး 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်အကြောင်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးမှု သရုပ်ပြခြင်းကို ဩဂုတ်၂၅ရက် ညနေ ၃ နာရီခွဲက စံပြရပ်ကွက်၊ အောင်ဇဗ္ဗူလမ်းရှိ မဟာဗောဓိဓမ္မာရုံတွင်  ပြုလုပ်သည်။

စဉ့်ကိုင်မြို့နယ်၌ ကျောင်းကျန်းမာရေးလှုပ်ရှားမှု ရက်သတ္တပတ် (မြို့နယ်အဆင့်) စာစီစာကုံးပြိုင်ပွဲ များ ကျင်းပ

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်၌ ၂၀၂၅ခုနှစ်  ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားအဖြစ် (မြို့နယ်အဆင့်) စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက အ-ထ-က (စဉ့်ကိုင်) ကျောင်း၌ ကျင်းပသည်။

မြစ်သားမြို့နယ်တွင် စားသောက်ကုန်ပစ္စည်း များအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချ

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်တွင် မြို့မအနောက်ရပ်ကွက်ရှိ မြစ်သားစည်ပင်သာယာဈေး၌ ယမန်နေ့နံနက် (၇)နာရီက စားသောက်ကုန်ပစ္စည်းများ အား သက်သာသောဈေးနှုန်းဖြင့် ပြည်သူများထံသို့ ရောင်းချပေးခြင်းကို ဆောင်ရွက်ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် စိုက်ပျိုးစရိတ်ငွေကျပ်သိန်း၈၇၀၀ ကျော် ထုတ်ချေးပေးပြီးဖြစ်

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ကျောက်ဆည်ခရိုင် ဘဏ်ခွဲမှ ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများ ကြွေးမြီကင်းရှင်းပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး၊ ၂၀၂၅ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်များ ထုတ်ချေးပေးလျက်ရှိရှာ ယနေ့အချိန်အထိ စိုက်ပျိုးစရိတ် ကျပ်သိန်း ၈၇၀၀ ကျော် ထုတ်ချေးပေးပြီးဖြစ်ကြောင်း သိရသည်။

ညောင်ဦးခရိုင်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် ဆန္ဒမဲပေးနည်း အသိပညာပေး

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်၌ ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် မဲပေးခြင်း အသိပညာပေးသရုပ်ပြပွဲကို ဩဂုတ် ၂၅ ရက် နံနက် ၉ နာရီက ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အနော်ရထာခန်းမ၌ ဆောင်ရွက်သည်။

ကျောက်ဆည်မြို့ ဆုတောင်းပြည့်မဟာရွှေသိမ်တော်ဘုရား အမိုးနှင့်ရင်ပြင်တော်တိုးချဲ့ဆောက်လုပ်ရန် ပန္နက်တင်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်၊  သင်တောင်းကျေးရွာ၊ ဆုတောင်းပြည့် မဟာရွှေသိမ်တော်ဘုရားကြီးတွင် ဘုရားဖူးပြည်သူများ စိတ်အေးချမ်းစွာ ဖူးမျှော် နိုင်ရေး အမိုးနှင့်ရင်ပြင်တော်တိုးချဲ့ဆောက်လုပ်ရန်အတွက် ပန္နက်တင်အခမ်းအနားကို ယနေ့နံနက် (၅)နာရီက ဘုရားကြီး၏ရင်ပြင်တော် စနေ့ထောင့်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တံတားဦးမြို့နယ် မီးဘေးလုံခြုံရေးအတွက် စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးလောင်ကျွမ်းမှု မဖြစ်ပွားစေရး၊ မီးသတိပြုရေး၊ မီးဘေးကြိုတင်ကာကွယ်ရေး၊ မီးဘေးလုံခြုံရေးတို့အတွက် ယနေ့နံနက်(၉)နာရီက တံတားဦးမြို့အောင်သန်းကျော် စက်သုံးဆီဆိုင်အား ကွင်းဆင်းစစ်ဆေးသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး