မန္တလေးတိုင်းဒေသကြီး

ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ပညာ၀တီသီလရှင်စာသင်တိုက်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနယ်လှည့်ကွင်းဆင်း ဆောင်ရွက်ခြင်းနှင့် ပစ္စည်းများ ထောက်ပံ့ပေးအပ်လှူဒါန်းပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ နာယကကြီးနှင့် အဖွဲ့ဝင်များမှ ပြင်ဦးလွင်မြို့၊  ခုတင် (၃၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ပါဝင်သောအဖွဲ့နှင့်ပူးပေါင်း၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခြင်းနှင့်  ပစ္စည်းများ ထောက်ပံ့ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့နံနက် ၉ နာရီက ပြင်ဦးလွင်မြို့နယ်၊ အောင်ချမ်းသာကျေးရွာအုပ်စု၊ အင်သာကျေးရွာရှိ  ပညာ၀တီ သီလရှင်စာသင်တိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

ရမည်းသင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲ  ဆုချီးမြှင့် 

၂၀၂၅ ခုနှစ် ရမည်းသင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅နှစ်နှင့်အောက် အမျိုးသမီးဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲကို ဩဂုတ် ၁၇ ရက် ညနေ ၃နာရီက ခရိုင်အားကစားကွင်းတွင် ကျင်းပရာ ပျော်ဘွယ်မြို့နယ်အသင်းနှင့်ရမည်းသင်းမြို့နယ်တို့အသင်း ယှဥ်ပြိုင်ခဲ့ကြရာ ပျော်ဘွယ်မြို့နယ်မှ ၁ ဂိုး -  ဂိုးမရှိဖြင့် အနိုင် ရရှိသည်။

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံရိုးရာခြင်းလုံးခတ်ပြိုင်ပွဲ ဆုချီးမြှင့်

၂ဝ၂၅ ခုနှစ်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ချမ်းအေးသာစံမြို့နယ်၊ ဗထူးမိုးလုံလေလုံအားကစားခန်းမ၌ သြဂုတ်လ ၁၅ ရက် ညနေ ၃ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်ဆည်မြို့တွင် ပြည်သူ့သက်သာဈေးဖွင့်လှစ်၍ အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ပြည်သူ့သက်သာဈေးဖွင့်လှစ်၍  နည်းပညာတက္ကသိုလ်(ကျောက်ဆည်)၌ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သည့် အသား၊ ငါး၊ ဆီ၊ ဟင်းသီး/ဟင်ရွက်များကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ငါန်းဇွန်မြို့၌ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း (အေရိုးဗစ်) သင်တန်း ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းပြီး အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း (အေရိုးဗစ်) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။

ပျော်ဘွယ်မြို့နယ်တွင် မိုးကြိုဝါသီးနှံခူးဆွတ်နေမှုအား သမဝါယမဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီးပွား) ကွင်းဆင်းကြည့်ရှုအားပေး

ပျော်ဘွယ်မြို့နယ်တွင် သမဝါယမဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီးပွား) ဦးအောင်ပြည့်စိုးသည် မြို့နယ်သမဝါယမဦးစီးဌာနမှ ဝန်ထမ်းများလိုက်ပါလျက် ကန်သာကျေးရွာရှိ ဝါစိုက်ခင်းအားကြည့်ရှုအားပေးခြင်း၊ ဂွေးဇီးကျေးရွာ သမဝါယမအသင်းသား တောင်သူများ စိုက်ပျိုးထားသည့် (B-31) မိုးကြိုဝါသီးနှံခူးဆွတ်နေမှုအား ဩဂုတ်လ (၁၆) ရက်၊ မွန်းလွဲ (၁) နာရီက သွားရောက်ကြည့်ရှုအားပေးသည်။

မြစ်သားမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ငလျင်ဘေးအန္တရာယ်ခံစားခဲ့ရသည့် ဒေသခံပြည်သူများအား ငွေများပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ငလျင်ဘေးအန္တရာယ်ခံစားခဲ့ရသည့် ဒေသခံပြည်သူများအား ငွေများပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ကူမဲမြို့ ဇာတ်ရုံအတွင်း၌ ပေးအပ်ခဲ့‌ကြောင်း သိရသည်။

၂ဝ၂၅ ခုနှစ်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ (အမျိုးသား/ အမျိုးသမီး) ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ  အခမ်းအနားသို့ ဝန်ကြီးချုပ်ဦးမျိုးအောင်တက်ရောက်

၂ဝ၂၅ ခုနှစ်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ချမ်းအေးသာစံမြို့နယ်၊ ဗထူးမိုးလုံလေလုံ အားကစားခန်းမ၌ သြဂုတ်လ ၁၅ ရက် ညနေ ၃ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းနှင့် စက်ချုပ်နည်းပညာသင်တန်းဆင်းပွဲ၊ လုပ်ငန်းထူထောင်မည့်သူ(၅)ဦးအား လုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲအခမ်း အနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် စဉ့်ကိုင်မြို့နယ်၊ ထန်းသုံးပင်စံပြကျေးရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးရေးနှင့် ကျေးလက်နေပြည်သူများမိသားစုဝင်ငွေများတိုး ပွားရေးစီမံကိန်းလူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းနှင့်ကျောက်ဆည်ခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှကျောက်ဆည်မြို့နယ်၊ မယ်ဇယ်ပင်စံပြကျေးရွာတွင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် စက်ချုပ်နည်းပညာသင်တန်းဆင်းပွဲနှင့်လုပ်ငန်းတည်ထောင်မည့်သူ(၅)ဦးအားလုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲအခမ်းအနားကို ဩဂုတ်လ(၁၅)နေ့နံနက်ပိုင်းက စဉ့်ကိုင်မြို့နယ်၊ ထန်းသုံးပင်စံပြကျေးရွာတွင် ကျင်းပသည်။

ပြည်ကြီးတံခွန်မြို့နယ် (၂၀၂၅-၂၀၂၆) ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုအထိမ်းအမှတ် နေ့လည်စာအာဟာရထမင်းကျွေး

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် အခြေခံပညာကျောင်း(၂၅)ကျောင်းရှိရာ ထိုသက်ဆိုင်ရာ ကျောင်းများအသီးသီးထံ တိုင်းဒေသကြီးပညာရေးမှူးရုံး (မန္တလေး)အဖွဲ့များက ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအထိမ်းအမှတ်အဖြစ် ယမန်နေ့နေ့လည်က ကျောင်းသား/သူများလေးများအား နေ့လည်စာအာဟာရ ထမင်းကျွေးခဲ့သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး