မန္တလေးတိုင်းဒေသကြီး

ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားတိုးတက်ရေး ရုံးစာရေးသားနည်းသင်တန်း ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်ပိုင်းက ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးနှင့် ရုံးလုပ်ငန်းများ စနစ်ကျပြီး လျင်မြန်စွာဆောင်ရွက်နိုင်ရေး ရုံးစာရေးသားနည်းသင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ပျော်ဘွယ်မြို့နယ်ရှိ အသေးစားသဘာဝ မြေဩဇာထုတ်လုပ်ရေးလုပ်ငန်းနှင့် မိုးစပါးစိုက်ပျိုးမှု သရုပ်ပြပွဲကြည့်ရှုအားပေး

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်အတူ ဩဂုတ် ၁၈ ရက် နံနက်ပိုင်းက ပျော်ဘွယ်မြို့ရှိ အသေးစားသဘာဝမြေဩဇာ ထုတ်လုပ်ရေးလုပ်ငန်းနှင့် မျိုးစေ့ချကိရိယာ(Drum Seeder) အသုံးပြု၍ မိုးစပါးစိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကို ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

ရမည်းသင်းမြို့နယ်၌ ပလပ်စတစ်ကင်းစင်ရေး လှုပ်ရှားမှုအစီအစဉ် ပူးပေါင်းဆာင်ရွက်

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍အပတ်စဉ် တနင်္လာနေ့တိုင်း (Monday Stop)ပလပ်စတစ်ညစ်ညမ်းမှုကင်းစင်ရေးလှုပ်ရှားမှုအစီအစဉ်ကို ယနေ့နံနက်ပိုင်းက ရမည်းသင်းမြို့မဈေးကြီးအတွင်း ဆောင်ရွက်သည်။

ဝမ်းတွင်းမြို့နယ်၌ အခြေခံသမဝါယမအသင်းသားများ၏ မိုးကြိုဝါစိုက်ခင်းများ ပန်းတိုင်အထွက်နှုန်းရရှိ

ဝမ်းတွင်းမြို့နယ် လယ်ယာနှင့်အထွေထွေသမဝါယမအသင်းရှိ အသင်းသားများစိုက်ပျိုးထားသော မိုးကြိုဝါ(၃၉)ဧကရှိပြီး ခူးဆွတ်ပြီးစီးမှုမှာ ယခုအချိန်ထိ (၁)ဧကလျှင်(၆၃၀)ပိဿာခန့်ထွက်ရှိကာ ပန်းတိုင်အထွက်နှုန်းရရှိကြောင်း မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိထံမှ သိရသည်။

အမရပူရမြို့နယ်၌ ငှက်ပျောနှင့်ဗေဒါအခြေခံတန်ဖိုးမြှင့်ထုတ်ကုန်နည်းပညာသင်တန်းဖွင့်

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ ဆောင်းဒါးရက်ကန်းနှင့်အသက်မွေးပညာသိပ္ပံကျောင်းနှင့် တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နှင့် တို့ပူးပေါင်းဖွင့်လှစ်သည့် ငှက်ပျောနှင့်ဗေဒါအခြေခံ တန်ဖိုးမြှင့်ထုတ်ကုန်နည်းပညာသင်တန်းဖွင့်ပွဲကို အဆိုပါ ကျောင်း၌ ယနေ့နံနက် ၉ နာရီက  ကျင်းပသည်။

အစိုးရနည်းပညာအထက်တန်းကျောင်း(မိတ္ထီလာ)တွင် မိုးရာသီအားကစားပြိုင်ပွဲဖွင့်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ်တွင် ၂၀၂၅-၂၀၂၆ မိုးရာသီအားကစားပြိုင်ပွဲ ဖွင့်ပွဲကို  သြဂုတ် ၁၈ ရက် နံနက် ၈ နာရီခွဲက အစိုးရနည်းပညာ အထက်တန်းကျောင်း(မိတ္ထီလာ) တွင် ကျင်းပရာ ကျောင်းအုပ်ဆရာကြီး ဦးစိန်ကျော်လှိုင်က  ကျောင်းသားကျောင်းသူများ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုရှိစေရန်၊ အသင်းအဖွဲ့အလိုက် ပါဝင်ဆောင်တက်စေရန်၊ ကာယ၊ ဉာဏအား နှစ်ဖြာပြည့်စေရန်၊ ပတ်ဝန်းကျင်နှင့်လိုက်လျော ညီထွေစွာဆက်ဆံတက်စေရန်အတွက် မိုးရာသီအားကစားပြိုင်ပွဲကို ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားသည်။

ကျောက်ဆည်မြို့၌ပလတ်စတစ်အိတ်သုံးစွဲမှုလျော့နည်းစေရေးနှင့်အစားထိုးသုံးစွဲရေး အသိပညာပေး 

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်၌ ပလတ်စတစ်အိတ်သုံးစွဲမှု လျော့နည်းပပျောက်စေရေးနှင့် အစားထိုးသုံးစွဲမှုများလိုက်နာရေး အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းပြီး ယနေ့နံနက် ၇နာရီက ကျောက်ဆည်မြို့ အေးမြကြည်လင်ဈေးကြီးတွင် ပြုလုပ်သည်။

တံတားဦးမြို့နယ်တွင် မိုးမြေပဲစိုက်ခင်းများအောင်မြင်ဖြစ်ထွန်း

တံတားဦးမြို့နယ်၌ ဆီထွက်သီးနှံတစ်ခုဖြစ်သော မိုးမြေပဲ ဧက ၂၁၁၀၀ စိုက်ပျိုးရန် လျာထားပြီး ရာနှုန်းပြည့် စိုက်ပျိုးပြီးစီးဖြစ်ကြောင်း၊ ယခုအခါ အဆိုပါ မိုးမြေပဲများ အောင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကျောက်ဆည်မြို့နယ်၌ စိုက်ပျိုးထားသော ချည်မျှင်ရှည်ဝါသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်၌ ချည်မျှင်ရှည် ဝါသီးနှံများကို မိုး၊ မိုးကြို၊ မိုးနှောင်းရာသီများတွင်  စိုက်ပျိုးကြကြောင်းနှင့် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးရာသီး၌ ရဲဘော်ကြီးကျေးရွာတွင် စိုက်ပျိုးထားသော ချည်မျှင်ရှည်ဝါသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းသိရသည်။

 အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင်နှင့်သပိတ်ကျင်းခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ရုံးအဆင့်ဆင့်မှ အငယ်တန်းစာရေးနှင့်အခြားအဆင့်ဝန်ထမ်းများအတွက် လုပ်ငန်း စွမ်းဆောင်ရည်မြင့်မားရေးသင်တန်းဖွင့်ပွဲကို ဩဂုတ် ၁၈ရက် နံနက် ၉ နာရီက အောင်မြေသာစံ မြို့နယ်ရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး