မြစ်သားမြို့နယ်တွင် စာဖတ်ရှိန်မြှင့်မားရေးအတွက်နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်စာအုပ်ပြပွဲများကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှဝန်ထမ်းများက မြိုမနောက် အခြေခံပညာ မူလတန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားပြီး လိမ္မာယဉ်ကျေးစေရန်ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲများကို အဆိုပါကျောင်းတွင် ယနေ့မွန်းလွဲပိုင်းအချိန်က ကျင်းပပြုလုပ်ခဲ့သည်။