မန္တလေးတိုင်းဒေသကြီး

မြစ်သားမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးစပါးစိုက်ဧက (၆၆၆) ဧကနှင့် အခြားသီးနှံ စိုက်က (၈) ဧကတို့အတွက် တောင်သူလယ်သမားများအား စိုက်ပျိုးစရိတ် ထုတ်ချေးပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးစပါးစိုက်ဧက (၆၆၆) ဧကနှင့် အခြားသီးနှံစိုက် ဧက (၈) ဧကအတွက် မြင်းရွာကြီးအုပ်စု၊ လက်ပံဆိပ်အုပ်စုနှင့် အုံးကုံးမိုင်းလမ်းအုပ်စုတို့ရှိ တောင်သူလယ်သမားများအား စိုက်ပျိုးစရိတ် ထုတ်ချေးပေးခြင်းကို ယနေ့နံနက် (၉) နာရီခွဲက မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲရုံး၌ ငွေများ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ် မဟာမြိုင် (၂) ရပ်ကွက်ရှိ ဘုန်းကြီးကျောင်း (၄) ကျောင်းအား  ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်း

‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် မဟာမြိုင် ၂ ရပ်ကွက်၌ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသည့်  ဆန်၊ ဆီ၊ ကြက်သွန်နီ၊ ကုလားပဲများအား ဘုန်းကြီးကျောင်း (၄) ကျောင်းဖြစ်သည့် ဇေယျာသီရိရွာ ဦးကျောင်း၊ ရန်အောင်မြင်ကံလှကျောင်း၊ ‎ချမ်းသာရကျောင်း၊ မဟာဝိဇယကျောင်းများရှိ သံဃာတော်များအား ယနေ့နံနက်ပိုင်းက ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ်၌  မိုဘိုင်းဖုန်းဖြင့် သတင်းဗီဒီယို ရိုက်ကူးတည်းဖြတ်နည်းသင်တန်းဖွင့်

‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယနေ့ နံနက်ပိုင်းက မိုဘိုင်းဖုန်းဖြင့် သတင်းဗီဒီယို ရိုက်ကူးတည်းဖြတ်နည်းသင်တန်း ဖွင့်လှစ်သည်။

မဟာအောင်မြေမြို့နယ်၌ ပြည်သူများအား အခြေခံစားသောက်ကုန်များကို အထူးသက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိ

‎မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း၊ မန္တလေးတိုင်းဒေသကြီး ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ဆန်၊ ဆီ၊ ကြက်ဥ၊ ဘဲဥ၊ ငါးများကို အထူးသက်သာသောဈေးနှုန်းဖြင့် ရုံးဖွင့်ရက်များတွင် မြို့နယ်အလိုက် ရောင်းချပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်-၂ ရပ်ကွက် ၆၂လမ်း (၃၉x၄၀) လမ်းကြားတွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ် Y Mandalay Hotel ၌ ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ (International Youth Day) အခမ်းအနား ကျင်းပ

‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်၊ Y Mandalay Hotel ၌ ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ (International Youth Day) အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့ကြသူများအား ဆုချီးမြှင့်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသူများနှင့် ဂုဏ်ထူးရရှိအောင် သင်ကြားပေးခဲ့ကြသည့် ဆရာ/ဆရာမများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အဆိုပါကျောင်းရှိ စကားဝါခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ် အ.ထ.က(ခွဲ) လ-၂၅ ကျောင်းတွင် လူငယ်စကားဝိုင်း ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အ.ထ.က(ခွဲ) လ-၂၅ ကျောင်း‌ခန်းမ၌ လူငယ်စကားဝိုင်းကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ချမ်းအေးသာစံမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေများကို ရင်းနှီးကျွမ်းဝင်စေရန်နှင့် အသိပညာဗဟုသုတများ သိရှိစေရန်အတွက် စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပျော်ဘွယ်မြို့နယ်တွင် (၁၀)တန်းသွားမျိုးစေ့ချကိရိယာဖြင့် မိုးစပါးစိုက်ပျိုးသရုပ်ပြ

ပျော်ဘွယ်မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ (၁၀)တန်းသွားမျိုးစေ့ချကိရိယာဖြင့် မိုးစပါး စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကို ဩဂုတ် ၁၂ရက်နံနက် ၉ နာရီက ဝက်လက်ကျေးရွာ၌ ကျင်းပသည်။ အဆိုပါကိရိယာသည် အလုပ်သမားလိုအပ်ချက် လျှော့ချနိုင်ခြင်း၊ လုပ်ငန်းပြီးစီးမှုမြန်ဆန်ကာ အချိန်ကုန်သက်သာခြင်း၊ မျိုးစေ့ကုန်ကျမှု သက်သာခြင်းကြောင့် စိုက်ပျိုးစရိတ်လျှော့ချနိုင်မည်ဖြစ်သည်။

ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် သဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး 

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနတို့ပူးပေါင်း၍ ဩဂုတ် ၁၁ ရက် မွန်းလွဲ၂နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် သဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်းသိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး