မန္တလေးတိုင်းဒေသကြီး

ကျောက်ဆည်တက္ကသိုလ်၌ စနစ်တကျ အမှိုက်များခွဲခြားစွန့်ပစ်ရေး အသိပညာပေးဟောပြော

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် ကျောက်ဆည်တက္ကသိုလ်၌ စနစ်တကျ အမှိုက်ခွဲခြားစွန့်ပစ်ရေး အသိပညာပေးဟောပြောပွဲကို ဇူလိုင် ၃၁ ရက် မွန်းတည့် ၁၂နာရီက အဆိုပါတက္ကသိုလ်ရှိ (Theatre)ခန်းမ၌ကျင်းပရာ အမှိုက်များစွန့်ပစ်ရာ၌ အမှိုက်စို၊ အမှိုက်ခြောက်၊ ပလတ်စတစ် အမှိုက်၊ ဘေးအန္တရာယ်ရှိသည့် အမှိုက်ဟူ၍ အမှိုက်အမျိုးအစား (၄)မျိုးအား အမှိုက်ပုံး(၄)ပုံးဖြင့် အရောင်ခွဲခြားသတ်မှတ်၍ စနစ်တကျ စွန့်ပစ်သည့်စနစ်ကို ကျင့်သုံးသွားကြရန်၊ အမှိုက်ခွဲခြားစွန့်ရမည့် အမှိုက်အမျိုးအစား အ‌ကြောင်း စသည့် အကြောင်းအရာများကို ရှင်းလင်းဟောပြောခဲ့သည်။

တံတားဦးမြို့နယ်တွင် လိုင်စင်မဲ့မော်တော်ယာဉ်များ ရှိ/မရှိ စစ်ဆေး

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်၌ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာမှု ရှိ/မရှိ စစ်ဆေးခြင်းကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက တံတားဦးမြို့ တံတားဦး-မြို့သာ ကားလမ်းပေါ်တွင် မြို့အဝင်/အထွက်ဂိတ်များတွင် သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ကျောက်ဆည်မြို့၌ ဌာနဆိုင်ရာဝန်ထမ်း၇၀၆၉ဦးအား စားအုန်းဆီ၁၄၁၃၈ပိဿာ ရောင်းချပေးလျက်ရှိ

ကျောက်ဆည်ခရိုင်ဆည်ကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းဝင် ဆီရောင်းဝယ်ရေးဆိုင်များမှ ဝန်ထမ်းတစ်ဦးလျှင် စားအုန်းဆီနှစ်ပိဿာနှုန်းဖြင့် ဝန်ထမ်း(၇၀၆၉)ဦးအား တစ်ပိဿာလျှင် ငွေကျပ် ၇၁၄၀ နှုန်းဖြင့် ဆီ ၁၄၁၃၈ ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်၌ ကျောင်းသား/ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ပေး

ကျောက်ဆည်မြို့တွင် အခြခံပညာအထက်တန်းကျောင်း (၄)ကျောင်းမှ ကျောင်းသား/ကျောင်းသူများ  ယာဉ်အန္တရာယ်ကင်းရှင်းရေး ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက  နေ့စဉ်ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် ပြပွဲ၊ပြိုင်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊မန္တလေးခရိုင်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့ စာကြည့်တိုက်တွင် ဇူလိုင် ၃၀ ရက် မွန်းလွဲ ၁နာရီခွဲက စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်စွမ်းရည်ပြိုင်ပွဲများ၊ ကဗျာရွတ်ပြိုင်ပွဲများ၊ ပုံပြောပြိုင်ပွဲများ၊ စာစီစာကုံး ပြိုင်ပွဲများ၊ သုတ၊ ရသစာအုပ်‌စာ‌‌ စောင်ပြပွဲများ ကျင်းပသည်။

 မိတ္ထီလာတက္ကသိုလ်၌ ကြက်ခြေနီရှေးဦးပြုစုခြင်းအခြေခံသင်တန်း(၁/၂ဝ၂၅)ဆင်းပွဲအခမ်းအနားကျင်းပ

မိတ္ထီလာတက္ကသိုလ်၌ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် မိတ္ထီလာတက္ကသိုလ်ကြက်ခြေနီအသင်းတို့ ပူးပေါင်းဖွင့်လှစ်သော ကြက်ခြေနီရှေးဦးပြုစုခြင်း အခြေခံသင်တန်း (၁/၂ဝ၂၅) ဆင်းပွဲအခမ်းအနားကို  ဇူလိုင် ၃ဝ ရက် မွန်းလွဲ ၂ နာရီက  အဆိုပါတက္ကသိုလ်၏ ဝန်ဇင်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

သာစည်မြို့နယ် ကုက္ကိုစုကျေးရွာ၌ (၁၀) တန်းသွား မျိုးစေ့ချကိရိယာဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြသ

မန္တလေးတိုင်းဒေသကြီး သာစည်မြို့တွင် ဒေသခံတောင်သူများ လယ်ယာသုံးစက်ကိရိယာများ တွင်ကျယ်စွာအသုံးပြုလာစေရေး၊ လက်မှုလယ်ယာမှ စက်မှုလယ်ယာစနစ်သို့ အသွင်ကူးပြောင်းဆောင်ရွက်လာစေရန်နှင့် လုပ်သားရှားပါးမှုပြဿနာများအား ကျော်လွှားနိုင်စေရန် ရည်ရွယ်၍ စက်မှုလယ်ယာဦးစီးဌာန၊ အမှတ် (၂၆) စက်မှု လယ်ယာစခန်းက Kubota ကောက်စိုက်စက်နှင့်တွဲဖက်အသုံးပြုသည့် (၁၀)တန်းသွား မျိုးစေ့ချကိရိယာဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ဇူလိုင် ၃၀ ရက်နံနက် ၉ နာရီခွဲက ကုက္ကိုစုကျေးရွာ ကွင်းအမှတ် ၁၈၇၃ ဦးပိုင်အမှတ် ၈၀/၁ တောင်သူဦးထင်အောင်၏ လယ်မြေနှစ်ဧက၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ရမည်းသင်းမြို့နယ်၌ ရေဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ခရိုင်၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ရေဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက်ပိုင်းက မာလီကုန်းကျေးရွှာ (ကျီးနီကန်အနီး) ကျင်းပခဲ့ကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား Unique ID  ကွင်းဆင်းထုတ်ပေးလျက်ရှိ

‎မန္တလေးတိုင်းဒေသကြီး၊မဟာ‌အောင်မြေ မြို့နယ်ရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ဇီဝဆိုင်ရာ ကိုယ်ရေးအချက်အလက်များကောက်ယူပြီး Unique Identity (UID)ကောက်ယူခြင်းလုပ်ငန်းကို ဇူလိုင် ၃၀ရက် နံနက်ပိုင်းက မန္တလေးမြို့ မြန်မာ့စီပွားရေးဘဏ်(၁)၌ ကွင်းဆင်း ဆောင်ရွက်‌ ပေးသည်။

ကျောက်ဆည်မြို့နယ် မှိုင်းပန်ကျေးရွာတွင် ပဲတီစိမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ မိုးပဲတီစိမ်းသီးနှံများကို ယာမြေများတွင် နေရာဒေသအလိုက် မေလလယ်မှဩဂုတ်လအလယ်ချိန်အထိ စိုက်ပျိုးလျက်ရှိရာ မှိုင်းပန်ကျေးရွာတွင် စိုက်ပျိုးထားသော ပဲတီစိမ်းသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး