မန္တလေးတိုင်းဒေသကြီး

ရမည်းသင်းမြို့နယ်၌ ရေဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ခရိုင်၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ရေဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက်ပိုင်းက မာလီကုန်းကျေးရွှာ (ကျီးနီကန်အနီး) ကျင်းပခဲ့ကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား Unique ID  ကွင်းဆင်းထုတ်ပေးလျက်ရှိ

‎မန္တလေးတိုင်းဒေသကြီး၊မဟာ‌အောင်မြေ မြို့နယ်ရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ဇီဝဆိုင်ရာ ကိုယ်ရေးအချက်အလက်များကောက်ယူပြီး Unique Identity (UID)ကောက်ယူခြင်းလုပ်ငန်းကို ဇူလိုင် ၃၀ရက် နံနက်ပိုင်းက မန္တလေးမြို့ မြန်မာ့စီပွားရေးဘဏ်(၁)၌ ကွင်းဆင်း ဆောင်ရွက်‌ ပေးသည်။

ကျောက်ဆည်မြို့နယ် မှိုင်းပန်ကျေးရွာတွင် ပဲတီစိမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ မိုးပဲတီစိမ်းသီးနှံများကို ယာမြေများတွင် နေရာဒေသအလိုက် မေလလယ်မှဩဂုတ်လအလယ်ချိန်အထိ စိုက်ပျိုးလျက်ရှိရာ မှိုင်းပန်ကျေးရွာတွင် စိုက်ပျိုးထားသော ပဲတီစိမ်းသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ရမည်းသင်းမြို့နယ်၌ ပြည်သူများ သက်‌သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရန် စားသောက်ကုန်များ ရောင်းချပေး

မန္တ​လေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်၌ ပြည်သူများ သက်သာသောနှုန်းထားများဖြင့် ဝယ်ယူစားသုံးနိုင်ရန်အတွက် စား​သောက်ကုန် (၈) မျိုးကို ဈေးနှုန်းချိုသာစွာဖြင့် သီလဝခန်းမ ရှေ့၌ ယနေ့နံနက်ပိုင်းက ရောင်းချပေးလျက်ရှိသည်။

အမရပူရမြို့နယ်တွင် နိုင်ငံဝန်ထမ်းအငြိမ်းစား (ပင်စင်စား) များအားUID ကတ်များ နေ့ချင်းပြီး ကွင်းဆင်းရွက်ပေး

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ရုံး၌ ဇူလိုင်လ ၂၁ ရက်နေ့ကစတင်ပြီး နေ့စဥ်နိုင်ငံဝန်ထမ်းအငြိမ်းစား (ပင်စင်စား) များအား ပင်စင်ထုတ်ယူရာတွင် လွယ်လင့်တကူဖြစ်စေရေးအတွက် နံပါတ်ဆယ်လုံးပါ UID ကတ်များကို နေ့ချင်းပြီး မြို့နယ်လဝကရုံးဝန်ထမ်းများမှ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

ပုဂံမြို့ဟောင်းရှိ အာနန္ဒာဘုရားကြီးအထွဋ်စေတီတော် ရွှေသင်္ကန်းကပ်လှူနိုင်ရေး ရွှေအရည်အသွေးစစ်ဆေးခြင်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့ဟောင်းရှိ အာနန္ဒာမြတ်စွာဘုရား  အထွဋ်စေတီတော်ရွှေသင်္ကန်းကပ်လှူနိုင်ရေး တင်ဒါအောင်ရွှေလုပ်ငန်းရှင်များတင်သွင်း သည့် ရွှေဆိုင်းများ အရည်အသွေးစစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန် အာနန္ဒာဘုရား ဂေါပကရုံးခန်းတွင် ရွှေပညာရှင်များ၊ ရွှေအရည်အသွေး စစ်စက်ဖြင့်ရွှေဆိုင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ်၌ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား Biometric (UID)ကဒ်များ နေ့ချင်းပြီး ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (က)ရပ်ကွက်၊ ၁၁၃လမ်း၊ ၆၅Bလမ်းရှိ အောင်တံခွန်ဓမ္မာရုံတွင်နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား)များအား ယနေ့နံနက် ၁၀ နာရီက Biometric (UID)ကဒ်များ နေ့ချင်းပြီး ဆောင်ရွက်ပေးနေကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ မန္တ​လေးငလျင်ကြီးဒဏ်သင့် ဒေသခံပြည်သူများအား ပေးအပ်လှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ မန္တလေးငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးသွားသော ဒေသခံလူနေအိမ် ပြိုကျပျက်စီးခဲ့သည့် အိမ်ထောင်စုများအတွက် ပစ္စည်းစုံပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး၌ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ်တွင် Kubota ကောက်စိုက်စက်နှင့် တွဲဖက်အသုံးပြုသည့် စပါးမျိုးစေ့ချကိရိယာ(10- Rows Seeder) ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြ

ဝမ်းတွင်းမြို့နယ်တွင် Kubota ကောက်စိုက်စက်နှင့် တွဲဖက်အသုံးပြုသည့် စပါးမျိုးစေ့ချကိရိယာ (10- Rows Seeder) ဖြင့် မိုးစပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲကို ဇူလိုင်လ ၂၈ ရက်နေ့ နံနက်က ဝမ်းတွင်းမြို့နယ် လိန်ပင်ကျေးရွာအုပ်စု နတ်နန်းကျေးရွာ ဦးပိုင်အမှတ် ၇၀၊ ကွင်းအမှတ် ၁၄၂၁ရှိ တောင်သူ  ဦးဝင်းနိုင်ဦး၏ လယ်မြေဧက နှစ်ဧကတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့မဈေးကြီးအတွင်း၌ စွန့်ပစ်အမှိုက်ခွဲခြားစွန့်ပစ်မှုသရုပ်ပြပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်စည်ပင်သာယာအဖွဲ့ပိုင် မြို့မဈေးကြီးအတွင်း၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် စွန့်ပစ်အမှိုက်ခွဲခြားစွန့်ပစ်မှုသရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး