မန္တလေးတိုင်းဒေသကြီး

မြစ်သားမြို့နယ် ကူမဲမြို့ အမှတ်(၁)ရပ်ကွက်တွင်  ဆန်၊ စားအုန်းဆီ၊ အသား၊ ငါးစားသောက်ကုန်ပစ္စည်းများ သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ကူမဲမြို့အမှတ်(၁) ရပ်ကွက်အတွင်းရှိ ကူမဲမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီတို့၏ ပူးပေါင်းအစီစဉ်ဖြင့် ဆန်၊ စားအုန်းဆီ၊ အသား၊ ငါးစားသောက်ကုန်ပစ္စည်းများ စျေးနှုန်းသက်သာစွာရောင်းချပေးခြင်းကို မြစ်သားမြို့နယ် ကူမဲမြို့ တောက်ပရစ်ဇာတ်ရုံဝန်းအတွင်း၌ ယနေ့ နံနက်(၇)နာရီမှစတင်ရောင်းချပေးခဲ့ကြောင်း သိရသည်။

မြင်းခြံတက္ကသိုလ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ရှိ မြင်းခြံတက္ကသိုလ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် (၉) နာရီအချိန်မှ စတင်၍ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ထိုးနှံပေးခဲ့ကြောင်း သိရသည်။

နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုဝင်များအား Covid -19 ရောဂါကာကွယ်ဆေး pfizer များ ထိုးနှံပေး

ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် နိုင်ငံဝန်ထမ်းများနှင့်ဝန်ထမ်းမိသားစုဝင်များအား Covid 19 ရောဂါကာကွယ်ဆေး pfizer များထိုးနှံပေးခြင်းကို ဇွန်လ ၂၀ ရက်နေ့က မန္တလေး၊ အောင်မြေသာစံခရိုင်၊‌ အောင်မြေသာစံမြို့နယ်ရှိ မြို့နယ်စာရင်းစစ်ရုဲးတွင် ပြုလုပ်ကြသည်။

ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ ၂ နာရီတွင် Community Centre အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် ပြိုင်ပွဲများ ကျင်းပ

ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်မြင့်မားစေရန်နှင့် အသိပညာဗဟုသုတများ ထွန်းကားစေရန်အတွက် ပြိုင်ပွဲများကို ယနေ့မွန်းလွဲ ၁ နာရီတွင် Community Centre အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မြစ်သားမြို့နယ်တွင် စာဖတ်ရှိန်မြင့်မားရေးအတွက် နယ်လှည့်စာကြည့်တိုက် အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်စာအုပ်ပြပွဲများကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ ဝန်ထမ်းများက မြို့မအနောက်အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားပြီးလိမ္မာယဉ်ကျေးစေရန် ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက်အသိပညာပေး ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲများကို အဆိုပါကျောင်းတွင် ယနေ့နံနက် (၁၀)နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ပြင်ဦးလွင်မြို့နယ်၌ ပြန်လည်ကျင်းပသည့် ၂၀၂၅  ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ပဥ္စမနေ့အဖြစ် ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်အား ဆက်လက်ဖြေဆို

ပြင်ဦးလွင်မြို့နယ်တွင် ပြန်လည်ကျင်းပသည့် ၂၀၂၅ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဇွန်လ ၁၆ ရက်တွင် စတင်ကျင်းပလျက်ရှိရာ ယနေ့တွင် ပဉ္စမနေ့အဖြစ်  ရူပဗေဒဘာသာရပ်နှင့်သမိုင်းဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

မြစ်သားမြို့နယ်တွင် တက္ကသိုလ်ဝင်တန်း Grade-12 စာမေးပွဲကို  စာစစ်ဌာနများတွင် ရူပဗေဒ+ သမိုင်း ဘာသာရပ် (ပဉ္စမနေ့)ဆက်လက်ဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် တက္ကသိုလ်ဝင်တန်း Grade-12 စာမေးပွဲကို စာစစ်ဌာနများတွင်  ယနေ့နံနက် (၉) နာရီ အချိန်က ရူပဗေဒ+သမိုင်းဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။

အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး(၅)၏ အခွန်ဆိုင်ရာပညာပေး ရှင်းလင်းဆွေးနွေးပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အလယ်အလတ် အခွန်ထမ်းများဆိုင်ရာအခွန်ရုံး(၅)၏ အခွန်ဆိုင်ရာ ပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက ချမ်းမြသာစည်မြို့နယ်၊ ၁၀၁(အေ) နှင့် ၁၀၂လမ်းကြားရှိ အလယ်အလတ်အခွန်ထမ်းများ ဆိုင်ရာအခွန်ရုံး(၅) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ချမ်းမြသာစည်မြို့နယ်တွင် ရူပဗေဒဘာသာရပ်၌ ၉၈.၂၈%နှင့် သမိုင်းဘာသာရပ်တွင် ရာခိုင်နှုန်းပြည့် စိတ်အေးချမ်းသာစွာ ဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်‌‌မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်တွင် ပြန်လည်ဖြေဆိုသည့် တက္ကသိုလ်ဝင်စာမေးပွဲကို ဇွန်လ ၁၆ ရက်နေ့မှ စတင်ဖြေဆိုလျက်ရှိရာ ယနေ့နံနက် ၉ နာရီတွင် ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်များကို ကျောင်းသား၊ကျောင်းသူများက စာစစ်ဌာနအသီးသီးတွင် စိတ်အေးချမ်းသာစွာ ဖြေဆိုလျက်ရှိသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး