မန္တလေးတိုင်းဒေသကြီး

Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ဌာနဆိုင်ရာအသီးသီးရှိဝန်ထမ်းများ၊ ကလေးသူငယ်များအား Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ လက်ဝယ်အရောက် အခမဲ့ကွင်းဆင်း ငှားရမ်းပေးလျက်ရှိရာ ယမန်နေ့မွန်းလွဲ  ၁  နာရီအချိန်က တိုင်းရင်းဆေးဌာနသို့ သွားရောက်၍ အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ဘားအံမြို့၌ စွန့်ပစ်ပစ္စည်းများစနစ်တကျခွဲခြားစွန့်ပစ်ရန် အသိပညာပေးခြင်းနှင့် သရုပ်ပြသခြင်းဆောင်ရွက်

စွန့်ပစ်ပစ္စည်းများစနစ်တကျခွဲခြားစွန့်ပစ်ရန် အသိပညာပေးခြင်းနှင့်သရုပ်ပြသခြင်းကို ကရင်ပြည်နယ်၊ ဘားအံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ယနေ့မွန်းလွဲ(၂)နာရီအချိန်ခန့်က ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

ပြင်ဦးလွင်မြို့ရှိ  အေးမြချမ်းသာ သီလရှင်စာသင်တိုက်၌ပစ္စည်းများ ထောက်ပံ့ပေးအပ်လှူဒါန်းပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့တွင် ခရိုင်အမျိုးသမီးရေးရာအဖွဲ့၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဒေါ်ရွှေမိုးသူဇာ ဦးဆောင်၍ ခရိုင်အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်တို့သည် ဇွန်လ(၁၇)ရက်နေ့ မွန်းလွဲပိုင်း ၁၂ နာရီက ရပ်ကွက်ကြီး (၉)ရှိ အေးမြချမ်းသာ သီလရှင်စာသင်တိုက်၌ ပစ္စည်းများထောက်ပံ့ပေးအပ်လှူဒါန်းပွဲကျင်းပပြုလုပ်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ အသင်းဝင်များနှင့် မိသားစုဝင်များအား ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ဆေး ထိုးနှံပေး

ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် အသင်းဝင်များနှင့်မိသားစုဝင်များအား ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ဆေးထိုးနှံခြင်းကို ဇွန်လ ၁၈ ရက်နေ့ မွန်းလွဲတစ်နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ နန်းတော်ရှေ့ရှိ ဇီဝိတဒါနသံဃာ့ဆေးရုံတွင် ပြုလုပ်ကြသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ညောင်ဦးခရိုင်အတွင်း စာစစ်ဌာနများတွင် တက္ကသိုလ်ဝင်စာမေးပွဲ (Grade-12)အား ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းမြေ့စွာဖြင့် ဝင်ရောက်ဖြေဆိုနေမှုများကို လိုက်လံကြည့်ရှုအားပေး

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ(Grade-12)ကို ပြန်လည်ကျင်းပ စစ်ဆေးခြင်းများကို သက်ဆိုင်ရာ စာစစ်ဌာနများတွင် ဇွန် ၁၆ ရက်နေ့မှ စတင်ကျင်းပလျက်ရှိပြီး မန္တလေးတိုင်းဒေသကြီးအတွင်း သတ်မှတ်စာစစ်ဌာန ၁၀၁ ခုတွင် ယနေ့သင်္ချာဘာသာရပ်၌ စုစုပေါင်း ဝင်ရောက်ဖြေဆိုသူ ၃၃၇၆၃ ဦး (ဖြေဆိုသည့် ရာခိုင်နှုန်း ၉၈.၆၀ ရာခိုင်နှုန်း)ရှိခဲ့သည်။

ပြင်ဦးလွင်မြို့နယ်၌ ပြန်လည်ကျင်းပသည့် ၂၀၂၅  ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် တတိယနေ့ သင်္ချာဘာသာရပ်အား ဆက်လက်ဖြေဆို

ပြင်ဦးလွင်မြို့နယ်တွင် ပြန်လည်ကျင်းပသည့် ၂၀၂၅ ခုနှစ်တက္က သိုလ်ဝင်စာမေးပွဲကို ဇွန်လ  ၁၆ ရက်တွင် စတင်ကျင်းပလျက်ရှိရာ ယနေ့တွင် တတိယနေ့အဖြစ်  သင်္ချာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

မြင်းခြံမြို့တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ သင်္ချာဘာသာရပ်ကို အေးချမ်းစွာဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ သင်္ချာဘာသာရပ်ကို ယနေ့နံနက် (၉) နာရီမှ စတင်ကာ ကျောင်းသား/သူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

မိတ္ထီလာခရိုင်တွင် နွေစပါး မျိူးစေ့ထုတ်စိုက်ခင်း ဧက(၂၀၀) ကွင်းသရုပ်ပြပွဲနှင့် စံကွက်ရိတ်သိမ်းပွဲအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ် နွေစပါးမျိူးစေ့ထုတ် စိုက်ခင်းဧက (၂၀၀) ကွင်းသရုပ်ပြပွဲနှင့် စံကွက်ရိတ်သိမ်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မိတ္ထီလာမြို့နယ် ထမုန်ကန်ကျေးရွာအုပ်စု စက်ပစ်တောင်ကျေးရွာ ဦးပိုင်အမှတ် ၁၀၅၊ ကွင်းအမှတ် ၈၄၉ ရှိ နွေစပါး မျိူးစေ့ထုတ်စိုက်ခင်း ဧက (၂၀၀)ရှိ တောင်သူ ဦးမြင့်အေး၏ စိုက်ဧက ၂.၅၀ ဧကတွင်  ရိတ်သိမ်းခဲ့ကြောင်း သိရသည်။

တောင်သာမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ သင်္ချာဘာသာရပ်ကိုအေးချမ်းစွာဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ သင်္ချာဘာသာရပ်ကို ယနေ့နံနက် ၉ နာရီမှစ၍ စာစစ်ဌာန (၄)ခုတွင် ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး