မြစ်သားမြို့နယ်၌ စာကြည့်တိုက်များနယ်လှည့် ကွင်းဆင်းဆောင်ရွက်ပြီး သုတနှင့် ရသ စာအုပ်များလှူဒါန်း
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကူမဲမြို့ စာပန်းဥယျာဉ်စာကြည့်တိုက်နှင့် သာလွန်ကျေးရွာ မြင့်မြတ်သာလွန်စာကြည့်တိုက်များသို့ မေ ၂၇ ရက်နေ့နံနက်ပိုင်းက စာကြည့်တိုက်ကော်မတီဝင်များနှင့် စာကြည့်တိုက်မှူးများအား တွေ့ဆုံ၍ နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။