ငပုတောမြို့၌ တိုင်းရင်းဆေးအသိပညာပေး ဟောပြောပွဲပြုလုပ်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကြီးမှူး၍ တိုင်းရင်းဆေးအသိပညာပေးဟောပြောပွဲ အခမ်းအနားကို ဧပြီ ၉ ရက်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။