စစ်ကိုင်းတိုင်းဒေသကြီး

တမူးမြို့တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူ

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ဒီဇင်ဘာ (၂၈) ရက်‌နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ပြည်သူများမဲပေးနိုင်ရေးအတွက် လှုံ့ဆော်ရေးမြေစိုက်ပိုစတာစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက် (၁၀)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကသာခရိုင်အဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်တွင် ခရိုင်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၉:၃၀) နာရီအချိန်က ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရေဦးမြို့တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ

၂၀၂၅ ခုနှစ်၊‌ ဒီဇင်ဘာ ၂၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ရွေးကောက်ပွဲနှင့်ပတ်သက်သည့် သတိပြုလိုက်နာရမည့်အချက်များအား ပြည်သူများသိရှိနိုင်စေရန်ရည်ရွယ်ပြီး ရေဦးမြို့တွင်ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ပိုစတာများ‌ကပ်ထားကြေညာခြင်းကို ယနေ့နံနက် ၀၈:၀၀ နာရီက ရေဦး-မကျီးတောလမ်းတွင် စုပေါင်းဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

ရေဦးမြို့နယ်ရှိ မော်တော်ယာဉ်ပိုင်ရှင်များအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာဆောင်ရွက်ရေးနှင့် ရွေးကောက်ပွဲဆိုင်ရာများ အသိပညာပေးဆွေးနွေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့ မြို့မရဲတပ်ဖွဲ့စခန်း ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီက မော်တော်ယာဉ်ပိုင်ရှင်များ ယာဉ်စည်းကမ်းလမ်းစည်းကမ်း လိုက်နာဆောင်ရွက်ရေးနှင့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေအကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြသည်။

စစ်ကိုင်းမြို့တွင် မဲရုံပြုလုပ်မည့်နေရာများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းမြို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲရုံကျင်းပပြုလုပ်မည့်နေရာများအား မြို့နယ်မီးသတ်ဦးစီးဌာနမှ သက်ဆိုင်ရာမဲရုံမှူးများနှင့် ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက်  လိုက်လံစစ်ဆေး ဆောင်ရွက်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်ပေါင်းစုံ စက်ဘီးစီးအားကစားပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများအား ကြည့်ရှုအားပေး 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပေါ်ရှိ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာန ဆိုင်ရာဝန်ထမ်းများ၊ မိသားစုဝင်များနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ကျောင်းသား၊ ကျောင်းသူများ ချစ်ကြည်ရင်းနှီးမှုများရရှိနိုင်စေရန်အတွက်၂၀၂၅-ခုနှစ်၊ ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှုအထိမ်းအမှတ် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလားဝန်ကြီးဌာနပေါင်းစုံနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်ပေါင်းစုံ စက်ဘီးစီးအားကစားပြိုင်ပွဲကို ဒီဇင်ဘာလ ၁၄ ရက် နံနက်ပိုင်းတွင် မုံရွာမြို့၊ အရှေ့ဘက်ကန်သာယာကန်ရှိ ပြည်ထောင်စုရင်ပြင်တွင် ကျင်းပရာ စက်ဘီးစီးပြိုင်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ အရာထမ်း၊ အမှုထမ်းများ၊ မြို့နေပြည်သူများ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။

မင်းကင်းမြို့တွင် ဒီဇင်ဘာလ လူထုစုပေါင်းလမ်းလျှောက်ပွဲ (ဒုတိယပတ်) ပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့တွင် ဒီဇင်ဘာ အားကစားလ ဒုတိယပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယမန်နေ့နံနက် ၆ နာရီခွဲက မင်းကင်းမြို့၊ အမှတ်(၁)ရပ်ကွက်၊ စာတိုက်ကုန်းလမ်းထိပ်တွင် စုရပ်ပြု၍ အမှတ်(၃)ရပ်ကွက်၊ ပြည်သူ့အားကစားကွင်းတွင် ၀င်ရောက်ကာ ကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများကို စုပေါင်း ဆောင်ရွက်ကြသည်။

စစ်ကိုင်းမြို့ SAGAING CINEMA ရုပ်ရှင်ရုံမီးလောင်မှုဖြစ်ပွား

စစ်ကိုင်းမြို့ ရွာထောင်ရပ်ကွက်၊ အိုးဘိုရပ်ရှိ SAGAING CINEMA ရုပ်ရှင်ရုံတွင် ယမန်နေ့နံနက် ၁၁:၂၀ နာရီအချိန်ခန့်က မျက်နှာကျက်သံပန်းအား ဝရိန်ဆော်ရာမှအနီးရှိ အသံလုံ ဆိုးပြားပေါ်သို့ မီးပွား လွင့်စင်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

ကသာမြို့၌ ရွေးကောက်ခံမည့် နိုင်ငံရေးပါတီအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်၊ သင်္ကေတအမှတ်အသားနှင့် အမှတ်စဉ်များကို (MEVM)မဲပေးစက်တွင် အတည်ပြုတပ်ဆင်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို မဲရုံ ၁၈ ရုံတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ရွေးကောက်ပွဲ‌ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိရာ ရွေးကောက်ပွဲတွင် ရွေးကောက်ခံမည့် နိုင်ငံရေးပါတီအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်၊ သင်္ကေတအမှတ်အသားနှင့် အမှတ်စဉ်များ၊ မဲပေးရာတွင်အသုံးပြုမည့်  မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)စက်များအား  SD ကတ်ထည့်သွင်းခြင်း၊ BU paper များ တပ်ဆင်ခြင်း၊ ဘက်ထရီအားသွင်းခြင်း၊ စက်များစစ်ဆေးခြင်းနှင့် Installation  ပြုလုပ်ခြင်းတို့ကို ယမန်နေ့နံနက်ပိုင်းက ကသာမြို့(၃၀၉) ခြေမြန်တပ်ရင်းတွင် ပြုလုပ်ခဲ့သည်။

ရေဦးမြို့နယ်တွင် ဒီဇင်ဘာ ဒုတိယပတ် လူထုစုပေါင်းလမ်းလျှောက် အားကစားပြိုင်ပွဲများကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီကဦးစီးကျင်းပသော ၂၀၂၅ ခုနှစ် ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာ ၁၃ ရက်နေ့က စုရပ်ဖြစ်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မင်းရဲကျော်စွာလမ်းမှ ‌မြို့မ စည်ပင်သာယာဈေးလမ်း၊ ထိုမှတဆင့် အလယ်လမ်းမှ ဒီပဲယင်းလမ်းအတိုင်း သတ်မှတ်နေရာအထိ စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး