စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် မန္တလေးငလျင်ကြီးကြောင့် စစ်ကိုင်းမြို့ပေါ်ရှိ ဘုရားစေတီပုထိုးများ၊ သာသနိကအဆောက်အဦများ၊ လူနေအိမ်တိုက်တာများ ပြိုကျပျက်စီးနေမှုများနှင့် ပြန်လည်ရှင်းလင်းဖယ်ရှားနေမှုများအား လိုက်လံကြည့်ရှု
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ လေးကျွန်းမာရ်အောင် စေတီတော်မြတ်ကြီးသို့ ရောက်ရှိရာ ဓမ္မဒူတအရှင်ဆေကိန္ဒဆရာတော်ကြီးထံ သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ဆရာတော်ကြီးနှင့်အတူ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လေးကျွန်းမာရ်အောင်စေတီတော်ကြီးအား လိုက်လံကြည့်ရှုခဲ့ကြပြီး ပြိုကျပျက်စီးထိခိုက်ခဲ့သည့် စေတီတော်ကြီးအား အမြန်ရှင်းလင်းဖယ်ရှားရေးနှင့် ပြန်လည်မွန်းမံရေးလုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။