စစ်ကိုင်းတိုင်းဒေသကြီး

ကျွန်းလှမြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးများထိုးနှံ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များ ရောဂါဘယကင်းဝေးပြီး ကျန်းမာရေးကောင်းမွန်စေရန် ကာကွယ်ဆေးများကို မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ထိုးနှံပေးလျက်ရှိသည်။

ကလေးဝမြို့တွင် ချင်းတွင်းဖလားအလွတ်တန်း ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် ၁၃၈၈ ခုနှစ် အတာသင်္ကြန်းနှစ်သစ်ကူးပွဲတော်အထိမ်းအမှတ် ချင်းတွင်းဖလား အလွတ်တန်း ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီက အမှတ် ၁ ရပ်ကွက်ရှိ မြို့နယ်အားကစားကွင်းကြီး၌ ပြုလုပ်ခဲ့သည်။

မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် AI အသုံးချမှု နည်းပညာသင်တန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ရုံးများမှဝန်ထမ်းများ ခေတ်နှင့်အမီ လိုက်ပါဆောင်ရွက်နိုင်ရေး၊ AI နည်းပညာကိုအသုံးပြုပြီး ဌာန၏ လုပ်ငန်းများအောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့်ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားရေးတို့အတွက် ရည်ရွယ်လျက် AI အသုံးချနည်းပညာသင်တန်းဖွင့်ပွဲ‌ကို ယနေ့မွန်းလွဲ ၁ နာရီကမုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြုလုပ်ခဲ့သည်။

တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့ကျင်းပ

တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့ကို ယမန်နေ့နံနက် ၁၀ နာရီတွင် မုံရွာမြို့ရှိ လွှတ်တော်အဆောက်အအုံ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ အခြေခံစက်ချုပ်သင်တန်း အမှတ်စဉ် (၇/၂၀၂၆) သင်တန်းဆင်းပွဲအခမ်းအနားနှင့် စက်သုံးဆီဖြန့်ဖြူးရောင်းချခြင်း ညှိနှိုင်းအစည်းအဝေးများ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီနှင့် လူမှုဝန်ထမ်းဦးစီးဌာတို့ပူးပေါင်းဖွင့်လှစ်သည့် အခြေခံစက်ချုပ်သင်တန်းအမှတ်စဉ် (၇/၂၀၂၆) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ တိုင်းဒေသကြီး /ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူများ တက်ရောက်ကြသည်။

ဖောင်းပြင်မြို့၌ ပါဠိပထမပြန်စာမေးပွဲ ကျင်းပဖြေဆို

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကျင်းပသည့် ၂၀၂၆ခုနှစ် ပါဠိပထမပြန်စာမေးပွဲကို ယနေ့မွန်းတည့် ၁၂ နာရီက ရာဇမုနိပရိယတ္တိစာသင်တိုက်၌ ကျင်းပပြုလုပ်ရာ ပထမကြီးတန်းတွင် ဒွေမာတိကာ/ ဓမ္မပဒဘာသာ၊ ပထမလတ်တန်းတွင် ဒွေမာတိကာ/ ဓမ္မပဒဘာသာ၊ ပထမငယ်တန်းတွင် ဘိက္ခုပါတိမောက်/ ဓမ္မပဒဘာသာနှင့် အခြေပြုမူလတန်းတွင် ဝိနည်းကျင့်ဝတ်/ သုကုမာရမဂ္ဂဒီပနီ ဘာသာရပ်များကို ယနေ့တွင် ဖြေဆိုသည်။

မုံရွာမြို့ မဟာသင်္ကြန်ပွဲတော် လမ်းလျောက်သင်္ကြန်၊ ရေကစားမဏ္ဍပ်များ၊ စတုဒီသာမဏ္ဍပ်များ၊ တေးဂီတဖျော်ဖြေပွဲများဖြင့်  စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုနှင့်အတူ ၁၃၈၇ ခုနှစ် ၊ ၂၀၂၆ ခုနှစ်  မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို မုံရွာမြို့ ကန်သာယာအနီး ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် လမ်းလျောက် သင်္ကြန်၊ ရေကစားမဏ္ဍပ်များ၊ စတုဒီသာမဏ္ဍပ်များ၊ တေးဂီတဖျော်ဖြေပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးးရအဖွဲ့ထံမှ သိရသည်။

ကန့်ဘလူမြို့၌ အစိုးရပါဠိပထမပြန်စာမေးပွဲ စတင်ဖြေဆို

သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ပါဠိပထမပြန်စာမေးပွဲကို မတ် ၂၉ ရက်မွန်းတည့် ၁၂ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့ မဟာရွှေစည်ကြီးစေတီတော် သာသနာ့ဗိမာန်တော်၌ ပထမနေ့ ဝိနည်းကျင့်ဝတ်၊ သုကုမာရမဂ္ဂဒီပနီ၊ ဘိက္ခုပါတိမောက်၊ ဓမ္မပဒ၊ ဒွေမာတိကာဘာသာကို ဖြေဆိုခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့၌ ကိုယ်ပိုင်အထက်တန်းဆင့် သင်ကျောင်းများသို့ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့ပေါ်ရှိ ကိုယ်ပိုင်အထက်တန်းဆင့် သင်ကျောင်းများသို့ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခြင်းများကို မတ် ၂၉ ရက်နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟုမ္မလင်းမြို့နယ်၊ ဟင်နောင်အုပ်စု၊ ဟူနောင်ကျေးရွာ၊ ရတနာသိဒ္ဓိကျောင်းတိုက်အတွင်း ဂုဏဝိသိဋ္ဌပူဇာ မင်္ဂလာဂုဏ်ပြုပူဇော်ပွဲ အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ဟင်နောင်အုပ်စု၊ ဟူနောင်ကျေးရွာ၊ ရတနာသိန္ဓိကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တစန္ဒိမာ၏ တပည့်အရှင်နန္ဒိယသည် အစိုးရသာသနဓဇ ဓမ္မာစရိယဘွဲ့နှင့် ထိုင်းနိုင်ငံမဟာချူလာလောင်ကွန်းတက္ကသိုလ်မှ Master of Arts international English program (M.A.English) ဘွဲ့ကိုရရှိခဲ့ရာ ဂုဏဝိသိဋ္ဌပူဇာ မင်္ဂလာဂုဏ်ပြုပူဇော်ပွဲအခမ်းအနားကို မတ် ၂၈ ရက်နေ့မွန်းတည့်(၁၂)နာရီအချိန်တွင် ဟူနောင်ကျေးရွာ ရတနာသိဒ္ဓိကျောင်းတိုက်ရှေ့ ဂုဏ်ပြုပူဇော်ပွဲမင်္ဂလာမဏ္ဍပ်၌ ကျင်းပခဲ့သည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး