စစ်ကိုင်းတိုင်းဒေသကြီး

စစ်ကိုင်းမြို့တွင် (၈၁)နှစ်မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲကျင်းပ  

(၈၁)နှစ်မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ခရိုင်နှင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  ဝန်ထမ်းများမှ  စုပေါင်းသွေးလှူဒါန်းပွဲ     အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်ကိုင်းမြို့၊ ကုတင်(၂၀၀)ဆန့် ပြည်သူ့ဆေးရုံကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။

ကန့်ဘလူမြို့၌ လူမိုက်ကိုရှောင်လို့ရနိုင်ပါသလား ဆောင်းပါးအား စာဖတ်ဝိုင်းကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေဝါသနာရှင်(Youth Club)တို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအနေဖြင့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလထုတ် သုတပဒေသာနှင့် လူငယ်ရေးရာစာစောင် အတွဲ(၅၀)၊ အမှတ်( ၁၂)မှ ဆရာမောင်ဒီပ(ပညာရေး) ရေားသားသည့် “လူမိုက်ကို ရှောင်လို့ရနိုင်ပါသလား” ဆောင်းပါးအား စာဖတ်ဝိုင်းဆွေးနွေးပွဲကို မတ် ၂၄ ရက်နံနက်က ကန့်ဘလူခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။

ဟုမ္မလင်းမြို့နယ်တွင် Women Club အသင်းနှင့်ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်    

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင်မတ်လ ၂၆ ရက်နေ့နံနက် ၉ နာရီခွဲအချိန်က Women Club အသင်းနှင့်ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။    

မုံရွာမြို့၌ အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်ခြင်း သရုပ်ပြပွဲ အခမ်းအနားကျင်းပ

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော အမှိုက်အမျိုးအစား ခွဲခြားစွန့်ပစ်ခြင်းသရုပ်ပြပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မုံရွာခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်၌ နှစ်ရှည်ပင်မျိုးစုံ ဧက ၂၇၀၀ ကျော်စိုက်ပျိုးထားရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး စပါးအပြင် သီးနှံမျိုးစုံစိုက်ပျိုးထုတ်လုပ်ကြရာ နှစ်ရှည်ပင်မျိုးစုံ ဧက ၂၇၀၀ ကျော် စိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဟုမ္မလင်းမြို့၌ တိုင်းရင်းဆေးပညာ(ဆင့်ပွား)သင်တန်း ဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၌ အခြေခံတိုင်းရင်းဆေးပညာရပ်များကို သိရှိနားလည်စေရန် ရည်ရွယ်၍ တိုင်းရင်းဆေးပညာ(ဆင့်ပွား)သင်တန်းကို ဟုမ္မလင်းမြို့နယ် တိုင်းရင်းဆေး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ ယ‌နေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ဖောင်းပြင်မြို့၌ နွေရာသီအားလပ်ရက်အတွင်း ယဉ်ကျေးမှု၊ English Grammar နှင့် ပန်းချီသင်တန်းအခမဲ့ဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့၊ မူလွန်ကျွန်းရွှေဝါကျောင်း၊ ကျောင်းအကျိုးတော်ဆောင်ကော်မတီမှကြီးမှူး၍ နွေရာသီအားလပ်ရက်များအတွင်း ကျောင်းသား/သူများအတွက် အကျိုးရှိစေနိုင်ရေး ယဉ်ကျေးမှု၊ English Grammarနှင့် ပန်းချီ(အခမဲ့)သင်တန်းများကို ယမန်နေ့ နံနက် ၈နာရီက ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

ကန့်ဘလူမြို့၌ ယာယီမြေပေးမိန့်ပေးအပ်ခြင်းနှင့် မြေကွက်များ(ဒုတိယအကြိမ်) မဲစနစ်ဖြင့် မဲနှိုက်ချထာခြင်း အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်အတွင်းရှိ နယ်မြေရှင်းလင်းရေးနှင့်လုံခြုံရေးတာ ဝန်ထမ်းဆောင်စဉ် ကျဆုံး/ကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့သည် တပ်မတော်သား၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်အဖွဲ့ဝင်များနှင့် ပေးသင့်ပေးထိုက်သူများအား ယာယီမြေပေးမိန့်ပေးအပ်ခြင်းနှင့် မြေကွက်များ(ဒုတိယအကြိမ်) မဲနှိုက်ချထားသည့် အခမ်းအနားကို မတ် ၂၃ ရက် နံနက် ၁၀ နာရီက ကန့်ဘလူမြို့ရှိ ခရိုင်စုပေါင်းရုံး ရွှေဆည်မြိုင်ခန်းမ၌ ကျင်းပသည်။

ရွှေဘိုမြို့တွင် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကျင်းပ

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ နှစ်စဉ်ပြုလုပ်ကျင်းပသည့် အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲအား စစ်ကိုင်းတိုင်းဒေသကြီးရွှေဘိုမြို့အမှတ်(၄) ရပ်ကွက်ရှိ သာသနာ့ဗိမ္မာန်တော်ကြီးတွင် ယနေ့နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ရာ ကျောင်းတိုက်အသီးသီးမှ စာဖြေသံဃာတော်များအေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

ဟုမ္မလင်းမြို့၌ မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေးလျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင်၊ မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို မတ်လ(၂၄)ရက် နံနက်(၇)နာရီအချိန်က စတင်၍ ထုတ်ပေးလျက်ရှိကြောင်းသိရသည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး