စစ်ကိုင်းတိုင်းဒေသကြီး

မုံရွာမြို့၊ ထန်းတောရပ်ကွက်တွင် လျှပ်စစ်ပစ္စည်းပြုပြင်ရေးလုပ်ငန်းပြုလုပ်သည့် လူနေအိမ်ရှိ ပလပ်ခုံ အပူလွန်ကဲရှော့ဖြစ်ရာမှ မီးကူးစက်လောင်ကျွမ်း

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ နယ်မီးသတ်စခန်း၏ အနောက်မြောက်ဘက် (၂)မိုင်(၂)ဖာလုံခန့်အကွာ မုံရွာမြို့၊ ထန်းတောရပ်ကွက် လျှပ်စစ်ပစ္စည်းပြုပြင်ရေးလုပ်ငန်းပြုလုပ်သည့် ဦးချစ်ထူး၊ (ဘ)ဦးကျော်တင့် လူနေအိမ်တွင် ဇန်နဝါရီ ၁၉ ရက် ညနေ ၂ နာရီခွဲအချိန်က ပလပ်ခုံအပူလွန်ကဲရှော့ဖြစ်ရာမှတဆင့် အကာထရံသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရေဦးမြို့နယ် Community Centre တွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အသိပညာပေးဟောပြောပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ

ကျောင်းသား၊ ကျောင်းသူများ ပြည်ထောင်စုနေ့ဖြစ်ပါ်လာပုံအ‌‌ကြောင်း သိရှိကြစေရန်နှင့် အရောင်များမှန်ကန်စွာ ရွေးချယ်အသုံးပြုတတ်စေရန်ရည်ရွယ်ပြီး ရွှေဘိုခရိုင်၊‌ ရေဦးမြို့နယ် Community Centre တွင် ဇန်နဝါရီလ ၂၀ ရက်နေ့နံနက် ၁၀:၀၀ နာရီက (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အသိပညာပေးဟောပြောပွဲနှင့်ဆေးရောင်ခြယ်ပြိုင်ပွဲ ပြုလုပ်ခဲ့သည်။

ကျွန်းလှမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံ လျာထားချက်ထက် ဧက ၂၀၀၀ ကျော်ပိုမိုစိုက်ပျိုးနိုင်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဆန်စပါးအပြင် သီးနှံမျိုးစုံစိုက်ပျိုးကြရာ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံ လျာထားချက်ထက် ဧက ၂၀၀၀ ကျော်ပိုမိုစိုက်ပျိုးနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

စစ်ကိုင်းမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်မာရေးစောင့်‌ရှောက်မှုပေး

စစ်ကိုင်းမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အဟာရဆန်ပြုတ်များတိုက်ကျွေးခြင်းနှင့် စားသုံး ဆီများစျေးနှုန်းချိုသာစွာ ရောင်းချပေးခြင်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တမူးမြို့နယ်၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ ဟဲဇင်းကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀နာရီက ကျင်းပသည်။

စစ်ကိုင်းမြို့၌ လူငယ်စကားဝိုင်းကျင်းပ

စစ်ကိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသင်ခန်းစာအပြင် ပြင်ပစာပေကောင်းများဖတ်ရှုပြီး အချင်းချင်း အပြန်အလှန်ဆွေးနွေးတက်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး လူငယ်စကားဝိုင်းကို ဇန်နဝါရီလ ၂၀ ရက်နေ့နံနက်ပိုင်းက  စစ်ကိုင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း (ရွှေမင်းဝံ)၌ ကျင်းပပြုလုပ်ခဲ့သည်။

တမူးမြို့၌ တရားဥပဒေစိုးမိုးရေးအတွက် ရပ်ကွက်များအတွင်း လှည့်ကင်း၊ ပတ်ကင်းများနှင့် ရှောင်တခင်စစ်ဆေးခြင်းများဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် တရားဥပဒေစိုးမိုးရေးအတွက် ရပ်ကွက်များအတွင်း လှည့်ကင်း၊ပတ်ကင်းများနှင့် ရှောင်တခင်စစ်ဆေးခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျွန်းလှမြို့နယ်၌ ဆောင်းကြက်သွန်ဖြူ စိုက်ခင်းများအောင်မြင်ဖြစ်ထွန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး ကာလတို၊ ကာလရှည်သီးနှံများစိုက်ပျိုးထုတ်လုပ်ကြရာ ယခုနှစ် ဆောင်းရာသီစိုက်ပျိုးသော ကြက်သွန်ဖြူစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

စစ်ကိုင်းမြို့၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

စစ်ကိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး၊ ကလေးအလုပ်သမားပပျောက်ရေး၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြပွဲကို ဇန်နဝါရီလ(၁၉)ရက်၊ မွန်းလွဲပိုင်းက စစ်ကိုင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း(ရွှေမင်းဝံ)တွင် ကျင်းပပြုလုပ်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး (၄/၂၀၂၆) တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂ မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး (၄/၂၀၂၆)ကို ဇန်နဝါရီလ ၁၉ ရက်နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမတွင်ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်သူရ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ တိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်သိန်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ မုံရွာခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များတက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ ကလေးခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများက Video Conferencing ဖြင့် တက်ရောက်ကြသည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး