စစ်ကိုင်းတိုင်းဒေသကြီး

ကန့်ဘလူမြို့နယ်၌ မိုးစပါးများ ရာနှုန်းပြည့်ရိတ်သိမ်းပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၌ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုး တက်စေရန်၊ ဒေသတွင်းစာနပ်ရိက္ခါဖူလုံစေရန်နှင့်ပြည်ပသို့တင်ပို့နိုင်ရေးအတွက် ရည်ရွယ်၍ မိုးစပါး သီးနှံဧက ၁၅၀၉၈၆ ဧကအား စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ကန့်ဘလူမြို့နယ်၌ စိုက်ပျိုးသည့်သီးနှံများမှာ မနောသုခ၊ ဧရာမင်း၊ ရွှေသွယ်ရင်၊ ပေါ်ဆန်းရင်၊ အောင်နိုင်တိုး၊ ဆင်းသုခ စသည့်စပါးမျိုးများကို အဓိကထားစိုက်ပျိုးကြကြောင်း သိရသည်။

ခန္တီးမြို့၌ နယ်လှည့် အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲများ ပြုလုပ်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ အသိပညာဗဟုသုတများ ကြွယ်ဝလာစေရန် အသိပညာပေးလုပ်ငန်းများစွာ ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများအား စာအုပ်စာပေများနှင့် ပိုမိုရင်းနှီးကျွမ်းဝင်လာစေရန်၊ စာပေဖတ်ရှုလိုစိတ်များ ပေါ်ပေါက်လာစေရန်နှင့် အတွေးအခေါ်များမြင့်မားလာစေရန် ရည်ရွယ်၍ ခန္တီးမြို့တွင် နယ်လှည့် အသိပညာပေး ဟောပြောပွဲနှင့်စာအုပ်ပြပွဲကို ခန္တီးမြို့ အ.မ.က(၇)ကျောင်းတွင် ယမန်နေ့ကပြုလုပ်ခဲ့ကြောင်းသိရသည်။

မုံရွာတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အားကစားပြိုင်ပွဲများ ဖွင့်လှစ်

မုံရွာတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အားကစားပြိုင်ပွဲများဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါတက္ကသိုလ်ရှိ  မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မုံရွာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသန်းသန်းဝင်း၊ ဒုတိယပါမောက္ခချုပ်များ၊ သင်ကြား/ စီမံမှ ဌာနကြီးမှူးများနှင့် ဘာသာရပ်အလိုက် ဆရာ/ဆရာမများ၊ အားကစားသမားများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် အတန်းအလိုက် အမျိုးသား၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် အတန်းအလိုက် အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက အဆိုပါတက္ကသိုလ်ရှိ အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ် ဒေါက်တာအေး သက်သက်ဝင်း၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ သင်ကြား၊ စီမံဆရာ၊ ဆရာ/မများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။

ရွှေဘိုမြို့၌ Arm wrestling ပြိုင်ပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် KNT Armwrestling တို့ ပူးပေါင်းကျင်းပသော Arm wrestling ပြိုင်ပွဲကို ယနေ့နံနက် (၉) နာရီတွင် ရွှေဘိုမြို့ ရန်ကြီးအောင် အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဟုမ္မလင်းမြို့နှင့် မုံရွာမြို့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်နေမှု လိုက်လံကြည့်ရှု

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဟုမ္မလင်းခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများနှင့် တာဝန်ရှိသူများသည် ဇန်နဝါရီလ ၁၇ ရက်၊ နံနက်ပိုင်းတွင် ဟုမ္မလင်းမြို့နယ်၊ နားသကျိုက်ကျေးရွာအနီးရှိ နမ့်ပငချောင်းပေါ်တွင် တည်ဆောက်လျက်ရှိသည့် “နမ့်ပင” အသေးစားရေအားလျှပ်စစ်စီမံကိန်းပြီးစီးပါက ဟုမ္မလင်း မြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများသို့ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးပေးမည့် ချင်းတွင်းမြစ်အနောက် ဘက်ကမ်းတာမောင် ကျေးရွာအနီးရှိ ၆၆ ကေဗွီ တာဝါဒီဇိုင်း ဖြင့် ၃၃ ကေဗွီ “နမ့်ပင”-ဟုမ္မလင်း ဓာတ်အားလိုင်း မြစ်ကျော်တာဝါတိုင် အမှတ် - ၂၉၂ တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိကြသည်။

တမူးမြို့တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကို ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီက အမှတ် (၂) အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့တွင် သီးနှံစုံ တစ်ပိုင်တစ်နိုင်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်အတွင်း ဒေသခံတောင်သူများသည် ယခုအခါလတ်တလောဝင်ငွေရရှိသည့် မီးဖိုချောင်သုံး စားပင်သီးနှံများ၊ ပန်းများကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်လာကြပြီး စိုက်ခင်းများမှာလည်း အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

တမူးမြို့၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့အမှတ်(၁၀)အခြေခံပညာ မူလတန်းကျောင်း၌ ယမန်နေ့ နံနက် ၁၀ နာရီက   လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရွှေဘိုတက္ကသိုလ်၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုတက္ကသိုလ်၌ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က အဆိုပါတက္ကသိုလ်ရှိ ရတနာသိင်္ဃခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး