စစ်ကိုင်းတိုင်းဒေသကြီး

ခန္တီးမြို့၌ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)လမင်းစီမံချက် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေးခြင်းလုပ်ငန်းဆောင်ရွက်ပေးလျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခန္တီးမြို့နယ်ဦးစီးမှူးရုံးက နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)လမင်းစီမံချက် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေးခြင်းလုပ်ငန်းကို ယနေ့နံနက်(၉)နာရီအချိန်မှစ၍ အခြေခံပညာအထက်တန်း ကျောင်းခွဲ(မြို့မ)၌ ဆောင်ရွက်ပေးလျက်ရှိရာ ခန္တီးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူး ဒုတိယရဲမှူးကြီးလှချိုက လိုက်လံကြည့်ရှုအားပေးခဲ့သည်။

စစ်ကိုင်းခရိုင်အတွင်းရှိ တောင်သူများအား ဝါမျိုးစေ့နှင့် မတ်ပဲမျိုးစေ့များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကျင်းပ

စစ်ကိုင်းခရိုင်အတွင်းရှိ တောင်သူများအား အိန္ဒိယနိုင်ငံအကူအညီဖြင့် Quick Impact Project(QIP)အစီအစဉ်ဖြင့် ဝါမျိုးစေ့နှင့် မတ်ပဲမျိုးစေ့များထောက်ပံ့ပေးအပ်ခြင်း အခမ်း အနားကို  ယနေ့နံနက်ပိုင်းက ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပသည်။

တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပဥ္စမနေ့ကျင်းပ

တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးပဥ္စမနေ့ကို ဇွန်လ ၁၁ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မုံရွာမြို့ အောင်ချမ်းသာရပ်ကွက်၌ “ဒေသဖွံ့ဖြိုးရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) ကျင်းပ

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် နိုင်ငံတော်အစိုးရနှင့် ပြည်သူအကြား ဆွေးနွေးပြောကြားနိုင်သည့် အခွင့်အလမ်းများ ဖော်ဆောင်ပေးရန်၊ ရပ်ကွက်များနှင့် ကျေးရွာများရှိ အကြောင်းအရာများကို အများပြည်သူကြားတွင် ဆွေးနွေးမှုများ ရှိလာစေရန်နှင့် ပြည်သူလူထုပါဝင်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ပြည်သူ့စကားဝိုင်းများကို စီစဉ် ကျင်းပ ဆောင်ရွက်လျက်ရှိရာ မုံရွာခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့်လည်း ယနေ့နံနက် ၈ နာရီက မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက် ချမ်းမြရန်အောင် ဘုန်းတော်ကြီး ကျောင်း ဓမ္မာရုံ၌ "ဒေသဖွံ့ဖြိုးရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေး" ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ကျွန်းလှမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား မျက်စိနှင့် သွားကျန်းမာရေး စစ်ဆေးပေးခြင်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကျောင်းကျန်းမာရေးစောင့်ရှောက်မှုအဖြစ် ကျောင်းသား၊ ကျောင်းသူများအား မျက်စိနှင့် သွားကျန်းမာရေးစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက အခြေခံပညာကျောင်းများ၌ ဆောင်ရွက်ကြောင်း သိရသည်။

ကလေးခရိုင် အမျိုးသမီးရေးရာအဖွဲ့မှ ဦးဆောင်၍ အမျိုးသမီးများဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင် အမျိုးသမီးရေးရာအဖွဲ့မှ ဦးဆောင်၍ အမျိုးသမီးများ အကြမ်းဖက်မှုမှကာကွယ်ရေး၊ သက်ငယ်မုဒိမ်းမှု၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေရေးရာနှင့် ကျန်းမာ‌ရေးဆိုင်ရာများ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာများ အသိပညာပးဟာပြာပွဲကို ယမန်နေ့နံနက်ပိုင်းက ကလေးမြို့၊ သဇင်ရပ်ကွက်ရှိ YCW ကိုယ်ပိုင်အထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 စစ်ကိုင်းမြို့တွင် မွေးမြူရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ အသိပညာပေး သင်တန်းဖွင့်လှစ်

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စစ်ကိုင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်သူများအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ပညာရပ်တစ်ခုအနေဖြင့် မွေးမြူရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ အသိပညာပေးသင်တန်းကို ယနေ့နံနက်ပိုင်းက အဆိုပါရုံးတွင် ဖွင့်လှစ်ခဲ့သည်။

မော်လိုက်မြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် မော်လိုက်မြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်(၈)နာရီအချိန်က ထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းအိမ်ရာ၌ဆောင်ရွက်ခဲ့ကြသည်။

မော်လိုက်မြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း Grade-12 အောင်ချက်မြင့်မားရေးအတွက် တွေ့ဆုံဆွေးနွေးပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် မော်လိုက်မြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း Grade-12 အောင်ချက်မြင့်မားရေးအတွက် ဘာသာရပ်သင် ဆရာ/ဆရာမများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက်(၉)နာရီအချိန်က အ.ထ.က ကျောင်း စုံညီခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၁၀ ရက်၊ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး MSME ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီနာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး MSME ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ အသေးစား၊အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။  
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး