ကလေးခရိုင် အမျိုးသမီးရေးရာအဖွဲ့မှ ဦးဆောင်၍ အမျိုးသမီးများဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင် အမျိုးသမီးရေးရာအဖွဲ့မှ ဦးဆောင်၍ အမျိုးသမီးများ အကြမ်းဖက်မှုမှကာကွယ်ရေး၊ သက်ငယ်မုဒိမ်းမှု၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေရေးရာနှင့် ကျန်းမာရေးဆိုင်ရာများ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာများ အသိပညာပးဟာပြာပွဲကို ယမန်နေ့နံနက်ပိုင်းက ကလေးမြို့၊ သဇင်ရပ်ကွက်ရှိ YCW ကိုယ်ပိုင်အထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။