စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေသခံများ MEVM အကြောင်း ရှင်းလင်းပြသနေမှုနှင့် အခမဲ့မျက်စိစမ်းသပ်ခွဲစိတ်ပေးနေမှုများအား သွားရောက်ကြည့်ရှု
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး ရွေးကော်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ ကျင်းပပြုလုပ်သည့် မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံ တောင်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အကြောင်း ရှင်းလင်းပြ သခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း သရုပ်ပြသပွဲကို ယမန်နေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ မြတ်သလ္လာခန်းမတွင် ကျင်းပပြုလုပ်ရာ သရုပ်ပြသပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ မုံရွာမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ တက်ရောက်ကြသည်။