မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုပြည်သူ့စစ်မှုထမ်းတာဝန်ထမ်းဆောင်ပြီး ပြန်လည်ရောက်ရှိလာသူများအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ခြင်းနှင့် ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခြင်း အခမ်းအနား တက်ရောက်
ပြည်သူ့စစ်မှုထမ်းအပတ်စဉ်(၁)နှင့်(၂)တို့တွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ကျေပွန်စွာထမ်းဆောင်ပြီးနေရပ်သို့ ပြန်လည်ရောက်ရှိလာသော ပြည်သူ့စစ်မှုထမ်းများအား ဂုဏ်ပြုုချီးမြှင့်ငွေပေးအပ်ခြင်းနှင့် ဂုဏ်ပြုညစာစားပွဲဖြင့်တည်ခင်းဧည့်ခံခြင်း အခမ်းအနားကို ဇွန် ၆ ရက်နေ့ ညနေပိုင်းက မကွေးမြို့၊ မြို့တော်ခန်းမ၌ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်ကိုကို၊ နယ်မြေခံတပ်နယ်မှအရာရှိကြီးများ၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ နေရပ်ပြန်ပြည်သူ့စစ်မှုထမ်းများ တက်ရောက်ခဲ့ကြသည်။