မကွေးတိုင်းဒေသကြီး

မင်းဘူးမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာ အလယ်တန်းနှင့် မူလတန်းအဆင့် ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း ဆက်လက်သင်ကြားပို့ချ

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအလယ်တန်းနှင့် မူလတန်းအဆင့် ဘာသာရပ်ဆိုင်ရာစွမ်းရည်မြှင့်သင်တန်းကို မတ် ၂၄ ရက်နေ့မှ စတင်သင်ကြားပေးခဲ့ရာ ယနေ့တွင် သင်တန်းတတိယနေ့အဖြစ် ဆက်လက်သင်ကြားပို့ချလျက်ရှိသည်။

နတ်မောက်မြို့နယ်၌ ကောက်စိုက်စက်ဖြင့် နွေစပါးများစိုက်ပျိုးခြင်း ကွင်းသရုပ်ပြသ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကောက်စိုက်စက်ဖြင့် နွေစပါးများစိုက်ပျိုးပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက နတ်မောက်မြို့နယ် စာရံအိုင့်ကျေးရွာတွင် စပါးစိုက်တောင်သူများဖြင့် စုပေါင်းကွင်းဆင်းဆောင်းရွက်ခဲ့ကြသည်။

နတ်မောက်မြို့နယ်၌ မီးခိုးမြူငွေ့နှင့် လေထုညစ်ညမ်းမှုလျော့နည်းစေရေး အသိပညာပေးဟောပြော

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပြည်သူများ ကျန်းမာသန့်ရှင်းပြီး ဘေးကင်းလုံခြုံသော လူနေမှုပတ်ဝန်းကျင်ဖန်တီးပေးနိုင်စေရန်၊ လုပ်ဆောင်ချက်များအလိုက် ကောင်းကျိုးဆိုးကျိုးများကို သိရှိနားလည်လာပြီး ဆောင်ရန် ရှောင်ရန်များကို နားလည်သဘောပေါက်ရန်နှင့် လိုက်နာကျင့်သုံးနိုင်စေရန် ရည်ရွယ်၍ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဘုန်းတော်ပြည့်ကျေးရွာ ရွာဦးဘုန်းတော်ကြီးတွင်  မီးခိုးမြူငွေ့နှင့် လေထုညစ်ညမ်းမှုလျော့နည်းစေရေး အသိပညာပေး ဟောပြောခဲ့သည်။ 

နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပခုက္ကူမြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသွေးလှူဒါန်း

၂၀၂၅ ခုနှစ်၊ မတ်လ ၂၇ ရက်တွင် ကျရောက်မည့် နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက် ၈ နာရီအချိန်က မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၌ ပြုလုပ်ရာ အမှတ်(၁၀၁) ခြေမြန်တပ်မဌာနချုပ်၊ တပ်မမှူး ဗိုလ်မှူးကြီး ဇော်မင်းထက်နှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ကြသည်။

နှစ်(၈၀)ပြည့် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ကံမမြို့နယ်၌ ဖြန့်ဝေ

၂၀၂၅ ခုနှစ် မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် နှစ်(၈၀)ပြည့် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယမန်နေ့နံနက် (၁၀)နာရီက မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အခြေခံပညာအထက်တန်းကျောင်း (ကံမ)၌ စွမ်းရည်မြှင့်သင်တန်း တက်ရောက်နေကြသည့် ဆရာ ဆရာမများအား ဖြန့်ဝေပေးခဲ့ကြသည်။

ဆင်ပေါင်ဝဲမြို့၌ နှစ်(၈၀)ပြည့် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် အခြေခံပညာ အထက်တန်းကျောင်းတွင် ဖွင့်လှစ်လျက်ရှိသည့် အလယ်တန်းနှင့် မူလတန်းဘာသာရပ်စွမ်းရည်မြှင့် သင်တန်းဆွေးနွေးပွဲသို့ တက်ရောက်လျက်ရှိသည့် သင်တန်းသား၊ သင်တန်းသူများနှင့် လမ်းသွားလမ်းလာ ပြည်သူများအား နှစ်(၈၀)ပြည့် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ယနေ့နံနက် ၉ နာရီအချိန်က ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မင်းလှမြို့၌ နှစ်(၈၀)ပြည့် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင်၊ နှစ်(၈၀)ပြည့် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယမန်နေ့နံနက်(၉)နာရီခွဲက မင်းလှအခြေခံပညာအထက်တန်းကျောင်းတွင် ‌ဆောက်ရွက်ခဲ့သည်။

မင်းလှမြို့နယ် ပြည်သူ့ဆေးရုံတွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစမ်းသပ်စစ်‌ဆေး ကုသပေးခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါစစ်‌ဆေးပေးခြင်းနှင့် အခမဲ့စစ်ဆေးကုသပေးခြင်းတို့ကို‌ ယနေ့နံနက် (၉)နာရီခွဲက မင်းလှမြို့နယ် ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ချောက်မြို့၌ တည်းခိုခန်းများ မီး​ဘေးအန္တရာယ်ကြိုတင်ကာကွယ်​နိုင်ရေး စစ်​ဆေး​ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊‌ ချောက်ခရိုင်၊ ချောက်မြို့တွင် မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးသိန်းဇော်ဝင်း၏ စီစဥ်ကြီးကြပ်မှုဖြင့်  ယနေ့နံနက်(၈)နာရီက တည်းခိုခန်းများအား မီး​ဘေးအန္တရာယ်ကြိုတင်ကာကွယ်​နိုင်ရေး စစ်​ဆေး​ဆောင်ရွက်ခဲ့သည်။

သရက်မြို့ ပြည်သူ့ဆေးရုံတွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစစ်ဆေးပေးပြီး ဆေးကုသမှုများ ဆောင်ရွက်ပေး

မကွေးတိုင်းဒေသကြီး သရက်မြို့နယ်အတွင်းရှိ ခရိုင်ကုသရေးဦးစီးဌာနမှ ကြီးမှူး၍ မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား သွေးတိုးရောဂါ၊ သွေးချိုဆီးချိုရောဂါ၊ နှလုံးရောဂါများအား အခမဲ့စစ်ဆေးပေးခြင်း ဆေးကုသပေးခြင်းကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း အငြိမ်းစားဝန်ထမ်းများအား အခမဲ့စစ်ဆေးပေးလျက်ရှိပြီး ယနေ့နံနက်(၉)နာရီက ခရိုင်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ဆောင်ရွက်ပေးခဲ့သည်။
Subscribe to မကွေးတိုင်းဒေသကြီး