မြို့သစ်မြို့နယ်တွင် မှိုစိုက်ပျိုးထုတ်လုပ်နည်းသင်တန်းဖွင့်လှစ်
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအတွက် တစ်ပိုင်တစ်နိုင် မှိုစိုက်ပျိုးထုတ်လုပ်နည်းသင်တန်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စိုက် ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးပညာပေးရေးနှင့် ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။