ရေနံချောင်းမြို့နယ်၌ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင် ရေနံချောင်းမြို့နယ်၌ သဘာဝဘေးအန္တရာယ်များမှ ကင်းဝေးစေရန်ရည်ရွယ်၍ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းကို ယမန်နေ့ည ၇ နာရီက မြို့မမြောက်ရပ်ကွက် ရတနာဂီရိကျောင်းတိုက်နှင့် ဆုံတိုက်ရပ်ကွက် စိန်ပန်းကျောင်းတိုက်တို့တွင် ဆောင်ရွက်သည်။