ပွင့်ဖြူမြို့နယ်၌ နွေနှမ်းစိုက်ခင်းများအောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး သီးနှံအထွက်နှုန်းတိုးတက်ကောင်းမွန်ရေး တောင်သူများ ကြိုးပမ်းဆောင်ရွက်
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီ၌ မဲဇလီရေလွှဲဆည်ရေဖြင့် နွေနှမ်း ၅၇၆၂၅ ဧက စိုက်ပျိုးဆောင်ရွက်ထားရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး လက်ရှိတွင် ဒေသခံတောင်သူများက နွေနှမ်းအထွက်နှုန်း တိုးတက်ကောင်းမွန်စေရေး ကြိုပမ်းလုပ်ဆောင်နေကြကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရ သည်။