တနင်္သာရီတိုင်းဒေသကြီး

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် မြိတ်ခရိုင်အတွင်းရှိ ခရိုင်/မြို့နယ် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များအား တွေ့ဆုံ

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးသည် တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဇွန်(၁ဝ)ရက် မွန်းလွဲပိုင်းက မြိတ်မြို့ရှိ ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ် ရုံးခန်းမ၌ မြိတ်ခရိုင်အတွင်းရှိ ခရိုင်/မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား တွေ့ဆုံသည်။

ပုလောမြို့နယ်၌ မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် မှုခင်းကျဆင်းရေး  အသိပညာပေးဟောပြောပွဲကို ဇွန်လ ၁၀ ရက်နေ့  မွန်းလွဲပိုင်းက ပုလောမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပုလောမြို့ အမှတ်(၂)ရပ်ကွက်၌ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးမှူးများ ပြန်လည်ခန့်ထားနိုင်ရေးကြီးကြပ်ရေးအဖွဲ့(၅)ဦး ရွေးချယ်

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့၊ အမှတ် (၂) ရပ်ကွက်၌ ရပ်ကွက်အုပ်ချုပ်ရေးမှူး ပြန်လည် ခန့်ထားနိုင်ရေး ကြီးကြပ်ရေးအဖွဲ့များ ရွေးချယ်ရေးကို ဇွန်လ ၁၀ ရက်နေ့ နံနက်ပိုင်းက ပုလောမြို့ အမှတ်(၂) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့သည်။

နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား‌နှင့် UID ကတ်ပြားများ ဆောင်ရွက်ပေး

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊‌ ကော့သောင်းမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများမှ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် အသက်(၁၀) နှစ်ပြည့်ပြီး ကျောင်းသား၊ကျောင်းသူလေးများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို အမှတ်(၃) အခြေခံပညာအထက် တန်းကျောင်းတွင် ဇွန်လ(၈)ရက်နေ့က စတင်ဆောင်ရွက်ခဲ့ကြရာ ဇွန် ၁၀ ရက် မွန်းလွဲ (၃) နာရီတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုခဲ့ကြသည်။

ပုလောမြို့နယ်၌ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်ရှိနေသော အခြေခံပညာ မူ/လယ်အဆင့် ကျောင်းသား/သူများ Placement Test (အထူးအစီအစဉ်) ဖြေဆိုရန် ခုံအမှတ်များ ထုတ်ပြန်ကြေငြာ

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်ရှိနေသော အခြေခံပညာ မူ/လယ်အဆင့် ကျောင်းသား/ကျောင်းသူများ  Placement Test (အထူးအစီအစဉ်) ဖြေဆိုရန် ခုံအမှတ်များကို ဇွန်လ ၉ ရက်နေ့ နံနက်ပိုင်းက ထုတ်ပြန်ကြေငြာခဲ့ရာ မြို့နယ်အတွင်း ဖြေဆိုရန် လာရောက်လျှောက်လွှာတင်ထားသည့် ကျောင်းသား/ကျောင်းသူများ မိဘများ ပျော်ရွှင်စွာ လာရောက်ကြည့်ရှုကြကြောင်း သိရသည်။

ထားဝယ်မြို့၌မြန်မာကုမ္ပဏီအွန်လိုင်းစနစ် အသုံးပြုခြင်းဆိုင်ရာ အသိပညာပေး

မြန်မာကုမ္ပဏီအွန်လိုင်းစနစ် Myanmar Company Online System (MyCo)အသုံးပြုခြင်းဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီ က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ DDPC ခန်းမ၌ ကျင်းပသည်။

တနင်္သာရီမြို့နယ်၌ မှုခင်းကျဆင်းရေး အသိပညာပေးဟောပြော

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် တနင်္သာရီမြို့နယ်အခြေခံပညာမူလတန်းကျောင်း ချောင်းငယ်၌ ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတ တိုးပွားစေရန်ရည်ရွယ်၍ မှုခင်းကျဆင်းရေး အသိပညာပေး ဟောပြောပွဲကို ယနေ့မွန်းလွှဲပိုင်းက ကျင်းပသည်။

ပုလောမြို့နယ်  ပြည်သူများအား  ပြည်သူ့ဆေးရုံမှ ကွင်းဆင်းပြီး အခမဲ့ဆေးကုသ 

တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ် ပြည်သူ့ဆေးရုံမှ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ပြုံးချို ဦးဆောင်သောအဖွဲ့သည် ပုလောမြို့အမှတ် ၁ ရပ်ကွက် မင်းသီရိဘုန်းကြီးကျောင်း ဓမ္မာရုံတွင် ဇွန် ၈ ရက် မွန်းလွဲပိုင်းက  ပြည်သူများအား အခမဲ့ကျန်းမာ ရေးစောင့်ရှောက်မှုပေးခြင်းကို ဆောင်ရွက်ကြသည်။

ကျွန်းစုမြို့နယ်၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

တနင်္သာရီတိုင်း‌ဒေသကြီး ကျွန်းစုမြို့နယ်တွင်  မြို့နယ်သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ဇွန် ၉ ရက် နံနက်ပိုင်းက ကျွန်းစုမြို့ စလွန်အော်ကျေးရွာရှိ မူလွန်‌ကျောင်းဝင်းအတွင်း သတ်မှတ်ကွင်းပြင်၌ ကျင်းပသည်။

ပလောက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်း ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပလောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာဖတ်ပရိသတ်များအဖွဲ့တို့ပူးပေါင်း၍ ဇွန်  ၉ ရက် နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ နန္ဒာသိန်းဇံရေးသားသည့် ခရောင်းလမ်းကိုဖြတ်ကျော်ခြင်းစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး